Lists & Recipes

-- Click the side button to select what you want. --

BAMAR

• ကရေကရာ • ကြာဇံချက် • ကြက်ကာလသားချက် • ကြက်ဟင်းခါးသီးကြော် • ခရမ်းချဉ်သီးငါးပိချက် • ခရမ်းချဉ်သီးပန်ထွေဖျော် • ခရမ်းသီးမီးဖုတ်သုပ် • ခေါက်ဆွဲသုပ် • ငါးခေါင်းဟင်းရည် • ငါးရံ့အူဟင်း • ငါးသလောက်ပေါင်း • စလူမုန့် • ပုစွန်ချဉ်ပေါင်ကြော် • ပုစွန်ဆီပြန် • ပဲကုလားဟင်း • ပြောင်းဖူးကြော် • ဘဲဥချဥ်ရည်ဟင်း • မုန်လာဥနီသုပ် • မုန့်ကျွဲသဲ • မုန့်စိမ်းပေါင်း • မုန့်တီသုပ် • မုန့်ပေါင်း • မုန့်ဟင်းခါး • မြင်းခွာရွက်သုပ် • မှိုကန်စွန်းရွက်ကြော် • ရေစကြိုထန်းသီးမုန့် • ရွှေကြည်ဆနွင်းမကင်း • ရွှေထမင်း • ရွှေရင်အေး • လက်ဖက်သုပ် • ဝက်သားဆီပြန် • သာကူကြို • အနုဆုပ် • အာလူးမဆာလာနှပ် • အုန်းထမင်း • အုန်းနို့ခေါက်ဆွဲ
food

ခေါက်ဆွဲသုပ်

ပါဝင်ပစ္စည်းများ
 • ခေါက်ဆွဲ
 • ဆီ
 • နှမ်း
 • ပဲမှုန့်
 • ဆီကျက်

ပြုလုပ်နည်း

ခေါက်ဆွဲသုပ် သည် မြန်မာ့အစားအစာတွင် ပါဝင်သော အသုပ်တစ်မျိုး ဖြစ်သည်။ ဂျုံခေါက်ဆွဲသုပ်ဖြစ်ပြီး ပုဇွန်ခြောက်များ၊ ငါးဟင်းအနှစ်၊ သံပရာသီး၊ ပဲမှုန့်နှင့် ဆီကျက်စသည်တို့ ပါဝင်သည်။ ပြုတ်ထားပြီးသော ခေါက်ဆွဲကို ပန်းကန်လုံးထဲထည့်၍ အပေါ်ရှိ ပါဝင်ပစ္စည်းများကို ပေါင်းရောကာ လက်ဖြင့် နယ်ဖတ်လိုက်ခြင်းဖြင့် ခေါက်ဆွဲသုပ်ကို ရရှိသည်။

YOUTUBE ^
food

ကြာဇံချက်

ပါဝင်ပစ္စည်းများ
  • ကြက်သား - (၅၀) ကျပ်သား၊
  • ပဲကြာဇံ - (၁၅) ကျပ်သား၊ 
  • မှိုခြောက် ပန်းခြောက် - (၅) ကျပ်သား၊
  • အသားတု - (၅) ကျပ်သား၊ 
  • ငုံးဥ - အလုံး (၂၀)၊
  • ကြက်ဥ - (၅) လုံး၊
  •ကြက်သွန်နီဥ - (၁၀) လုံး၊
  • နံနံပင်အနည်းငယ်၊ 
  •ရှောက်သီး -(၁) ခြမ်း 

ပြုလုပ်နည်း

ကြက်သားမကိုင်ခင် ပဲကြာဇံနဲ့ မှိုခြောက် ပန်းခြောက်၊ အသားတုတို့်ကို ဇလုံတစ်လုံးစီမှာ သပ်သပ်စီထည့်ပြီး ရေစိမ်ထားပေးလိုက်ပါ။ ငုံးဥနဲ့ ကြက်ဥကိုလည်း ရေနွေးအိုးထဲ ထည့်ပြုတ်ထားပေးလိုက်ပါ။ ပြီးရင် ကြက်သား (၅၀) ကျပ်သားကို ရေပြောင်အောင်ဆေးပြီး အတုံးသေးသေးလေးတွေ တုံးပေးရပါမယ်။ ကြက်သားကို အတုံးတုံးပြီးရင်တော့ ဘေးခဏဖယ်ထားလိုက်ပါ။ ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင် ငရုတ်သီးမှုန့် (အရောင်တင်မှုန့်) နဲ့ ကြက်သားကိုထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင် ဆီသတ်ပြီးရင်တော့ ကြက်သားအိုးကို မီးပိတ်ပြီး မီးဖိုပေါ်က ချနိုင်ပါပြီ။ ဇောက်နက်တဲ့ အိုးတစ်လုံးထဲမှာ ရေ (၃) ပုံ (၂) ပုံခန့်ထည့်ပြီး ရေနွေးအိုးတည်ပေးလိုက်ပါ။ ပြီးရင် ခုနက ကြက်သားဆီသတ်ထားတာကို ရေနွေးအိုးထဲ ထည့်ပေးလိုက်ပါ။ ပြီးရင် ခဏလောက် မွှေပေးလိုက်ပါ။ ကြက်သွန်နီဥ ၇လုံးလောက် အိုးထဲ အခွံနွှာပြီး ထည့်ပေးပါ။ ကြက်သားအိုး ပွက်ပွက်ဆူလာပြီဆိုရင် ရေစိမ်ထားတဲ့ ပဲကြာဇံဖတ်တွေနဲ့ မှိုခြောက် ပန်းခြောက် အသားတုတွေကိုရေထဲကဆယ်ပြီး အိုးထဲထည့်ပေးလိုက်ပါ။ ပြုတ်ထားတဲ့ ငုံးဥတွေကို အခွံခွာပြီး ကြာဇံချက်အိုးထဲ ထည့်ပေးလိုက်ပါ။ ကြက်ဥကိုတော့ အခွံခွာ၊ လေးခြမ်းခြမ်းပြီး ကြာဇံချက်အိုးထဲ ထည့်ပေးလိုက်ပါ။ ပြီးရင် ငရုတ်ကောင်းမှုန့်လေး နည်းနည်း ဖြူးပေးလိုက်ပါဦး။ ပြီးရင်တော့ မီးပျော့ပျော့နဲ့ ခဏလောက် တည်ထားပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးတစ်လုံးထဲ ခပ်ထည့်လိုက်ပြီး အပေါ်ကနေ ကြက်သွန်နီနဲ့ နံနံပင်ကို ပါးပါးလှီးပြီး ဖြူးပေးလိုက်ပါ။ ရှောက်သီးစိတ်လေးတွေကိုတော့ ကြိုက်တတ်ရင် ညှစ်စားလို့ရအောင် ဘေးမှာ ရံပေးထားလိုက်ပေါ့။ ဒါဆိုရင် အရသာရှိတဲ့ ကြာဇံချက်လေးကို လုပ်စားလို့ရပါပြီနော်။

YOUTUBE ^
food
food

အုန်းနို့ခေါက်ဆွဲ

ပါ၀င်ပစ္စည်းများ
  • ဂျုံခေါက်ဆွဲဖတ်             
  • သကြား (သို့) အချိုမှုန့်
  • ဗမာ ကြက်                    • အရောင်တင်မှုန့်                    
  • အုန်းနို့                           • ကြက်သွန်ဖြူ
  • ပဲမှုန့်                             • ဂျင်း
  • ဆား                             • ဆီ 
  • ကြက်သားမှုန့်                • ကြက်သွန်ဖြူ ဆီချက်
  • ဆနွင်းမှုန့်                      • ကြက်သွန်နီ ဆီချက်
  • ယိုးဒယား ငံပြာရည် 

တွဲဖက်စားရန်

• ပဲကြော်
• ဘဲဥပြုတ် /ကြက်ဥပြုတ်
• အကြွပ်ကြော် (ဆန်ပြားအကြွပ်ကြော်ကြော်ရန်အတွက် ဆီများများထဲမှာ ဆနွင်းမှုန့်ကိုထည့်ဆီသတ်ပြီးမှ ဆန်ပြားများကိုထည့်ကြော်ပါ။)
• နံနံပင်
•သံပုရာသီး
• ငရုတ်သီးအကြမ်းမှုန့်
• ငါးဖယ်ကြော် (၂၅ကျပ်သား)
• ပါးပါးလှီးထားသော ကြက်သွန်နီ

ပြင်ဆင်ပြုလုပ်နည်း
၁။ ကြက်သားအကောင်လိုက်ကို သန့်စင်ပြီး ခပ်သေးသေးတုံးထားပါ။အသားချည်းပဲကြက်သားများကိုလဲ အတုံးအသေးလေးတွေတုံးထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပြီး တဝက်စီခွဲထားပါ။ ဂျင်းကိုလဲထောင်းထားပါ။
၂။ ဇလုံတခုထဲကို ရေနွေး ၁ ခွက်၊ ရေအေး ၃ ခွက်ထည့်ပြီး ပဲမှုန့်ထည့်၍ ပဲမှုန့်ပျော်သွားအောင်ဖျော်ပါ။ ပဲမှုန့်အလုံးလေးများဖြစ်နေလျှင် လက်ဖြင့် ချေပေးပါ။
၃။ အိုးကြီးကြီး (ခန့်မှန်းချေ ၇လီတာခွဲဆံ့သော) တခုထဲမှာ ရေ ၅ လီတာ ထည့်ရျ် ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် ဆနွင်းလက်ဖက်ရည်ဇွန်း တဝက်၊ ဆား လက်ဖက်ရည်ဇွန်း ၄ဇွန်း၊ သကြား ထမင်းစားဇွန်း ၃ ဇွန်း၊ ကြက်သားမှုန့်ထမင်းစားဇွန်း ၁ ဇွန်းတို့ကို ထည့်ပါ။ ထို့နောက် ဖျော်ထားသော ပဲမှုန့်များကို ဇကာခံ၍ ထည့်ပါ။
၄။ ဒယ်အိုးတခုထဲမှာ ဆီ ထမင်းစားဇွန်း ၈ ဇွန်း ကိုထည့်၍ အပူပေးပါ။ ပူလာလျှင်ထောင်းထားသော ကြက်သွန်ဖြူ တဝက်၊ထောင်းထားသောဂျင်းတို့ကို ဆီသတ်ပါ။မွှေးလာလျှင် ဆနွင်း လက်ဖက်ရည်ဇွန်း တဝက်ကို ထည့်ဆီသတ်ပြီးမှ အရောင်တင်မှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲကိုထည့်ဆီသတ်ပါ။ အရောင်တင်မှုန့်ထည့်ပြီးပြီးချင်း ကြက်အကောင်လိုက်မှ တုံးထားသော ကြက်သားများကိုထည့်၊ ယိုးဒယားငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်းထည့်၊ သကြား (သို့) အချိုမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ရျ် လုံးပါ။ (အရောင်တင်မှုန့်ထည့်ပြီး နည်းနည်းမွှေပြီး ကြက်သားများချက်ချင်းထည့်ပါ။ နောက်မို့အရောင်တင်မှုန့်များတူးသွားတတ်ပါတယ်။)
၅။ ထို့နောက်လုံးထားသော ကြက်သားများကို ပဲရည်အိုးထဲထည့်ပါ။ ပဲရည်အိုးကို ခဏခဏမွှေပေးရပါတယ်။ ကြက်သားထည့်ပြီး နောက်တခါထပ်ပွက်လာလျှင် ကြက်သွန်ဖြူ ဆီချက်နှင့် ကြက်သွန်နီဆီချက်ကိုထည့်ပါ။(ကြက်သွန်ဖြူနီဆီချက်ကိုထည့်လျှင်ပိုမွှေးပါတယ်။ အလွယ်တကူမရှိလျှင်မထည့်လဲရပါတယ်။) ပြီးလျှင် အုန်းနို့ကိုထည့်ပါ။ (အုန်းနို့ကိုထည့်တာစောလျှင် လဲဟင်းရည်အိုးသိုးတတ်ပါတယ်။) ထို့နောက်မီးအေးအေးဖြင့် တည်ထားပါ။ တည်ထားတုံးမှာ ရေကိုထပ်ထပ်ဖြည့်ပေးပါ။ ( မီးအေးအေးနဲ့ ၃ နာရီလောက်ထားပါတယ်။) ဟင်းရည်ထဲကို ကြက်သွန်နီဥများကြိုက်နှစ်သက်ပါကထည့်ပါ။
၆။ နောက်ထပ် ဒယ်အိုးတခုထဲမှာ ဆီ ထမင်းစားဇွန်း ၂ ဇွန်းကိုထည့်၍ အပူပေးပါ။ ဆီပူလာလျှင် ကျန်သော ကြက်သွန်ဖြူတဝက်ကိုထည့်၍ ဆီသတ်ပါ။ မွှေးလာလျှင် ဆနွင်းလက်ဖက်ရည်ဇွန်း တဝက်၊ အရောင်တင်မှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုဆီသတ်ပါ။ တုံးထားသောအသားချည်းကြက်သားများကိုထည့်ပါ။ ရေအနည်းငယ်ထည့် တည်ပါ။ ရေခြောက်သွားလျှင် မီးဖိုပေါ်မှချပါ။
၇။ အုန်းနို့ဟင်းရည်ထဲမှကြက်သားများနူးလာလျှင် မီးဖိုပေါ်မှချပါ။
၈။ အုန်းနို့ခေါက်ဆွဲပြင်ရန်အတွက် ဂျုံခေါက်ဆွဲကို ပန်းကန်ထဲအရင်ထည့်၊ ဟင်းရည်ကိုအပေါ်ကလောင်း၊ အပေါ်ကနေ ချက်ထားသော ကြက်သားထည့်၊ ပဲကြော်၊ ကြက်ဥပြုတ်၊ အကြွပ်ကြော်၊ ပါးပါးလှီးထားသောကြက်သွန်နီတို့ကိုထည့်၍ပြင်ပါ။ သုံးဆောင်နိုင်ပါပြီရှင်။

YOUTUBE ^
food

မုန့်ဟင်းခါး

မုန့်ဖတ် ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရှဉ့်)အပြင် အခြားသောငါးများ လည်းအသုံးပြုလေ့ ရှိသည်။ ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါးတစ်မျိုးတည်း အသုံးပြုခြင်း ထက် ပိုကောင်းသည် ဟုဆိုသည်။ ငါးရှားပါးသော ဒေသများတွင် ကြက်သား၊ အမဲသားတို့ကို အသုံးပြု လေ့ရှိသည်


ပါ၀င်ပစ္စည်းများ
• ဆီ • ကြက်သွန်နီ • ငံပြာရည် • ကြက်သွန်ဖြူ • ဆား • ပဲမှုန့် • နနွင်းမှုန့် •ချင်း • ငှက်ပျောအူ •ငရုတ်ကောင်း • ဆန်လှော်မှုန့် •စပါးလင်


တွဲဖက်စားရန်

• အကြော်မျိုးစုံ(ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ကြက်သွန်ကြော်၊ မန္တလေးပဲကြော်)
• နံနံပင်                                • ကြက်ဥ၊ အိုးဘဲဥ
• ရှောက်သီး၊ သံပရာသီး         • ပဲသီး
• ခရမ်းချဉ်သီး                      • ကြက်သွန်မြိတ်  
• ပဲသွေး                              • ငါးသလောက်ဥ
• အီကြာ‌ကွေး                       • ပဲပင်ပေါက်
• ငရုတ်သီးအလှော်မှုန့် 
              

ပြင်ဆင်ပြုလုပ်နည်း
ကုလားပဲဆန် မုန့်ဟင်းခါး ငါးဆီသတ်ရန် အိုးထဲ ငါးထည့်ပီး ဂျင်း,စပါးလင်,နနွင်း,ဆား,ထညက်ထည့်ပါ။ ရေနွေးပူပူထည့်ပီး ပြုတ်ပါ။ အသားကျက်ရင် ဆယ်ထားပီး အရိုးနွှင်ထားပါ။ ကြက်သွန်ဖြူ,နီ,ငရုတ်သီးအစိမ်းမှုန့်ဆီသတ်၍ ရွလာရင် နွှင်ထားတဲ့ငါးကို ထည့်ပီး ဆီသတ်ပါ။ ငါးပြုတ်ရည် လဖက်ရည် တခွက်စာထည့်မွှေပေးပါ။ ပျော့ပျော့အိအိ မွမွလေး အနေအထားမှာ ချထားပါ။ မုန့်ဟင်းခါး ချက်ပါတော့မယ်။ ပဲပြုတ်ရည်နဲ့ ငါးပြုတ်ရည်ကို အိုးတစ်ခုထဲပေါင်းထည့်ပီး ပြုတ်ထားတဲ့ ကုလားပဲဆန်ကို ထောင်းပီး ထည့်မွှေပေးပါ။ ငါးဆီသတ်ကိုပါ တခါတည်း ထည့်မွှေပေးပါ။( ဆူပွက်လာရင် ) ငပျောအူ,ကြက်သွန်နီဥ,ငရုတ်ကောင်းမှုန့် ထည့်မွှေပါ။ ငံပြာရည်,ဟင်းခပ်မှုန့် လိုသလိုထည့်ပီး အရသာစပ်ပါ။ ငပျောအူ,ကြက်သွန်နီဥလေးများ နူးရင်ရပါပြီ။

YOUTUBE ^
food
food

မုန့်တီသုပ်

ပါ၀င်ပစ္စည်းများ

 • မုန့်ဖတ်                       • ငရုတ်သီးမှုန့်
 • မန်ကျည်းရည်              • ငံပြာရည်
 • ကြက်သွန်ဖြူ ဆီချက်    • ပဲမှုန့်(အကျက်) 
 • ငါးဖယ်                        • ပဲကပ်ကြော်
 • နံနံပင်

ပြင်ဆင်ပြုလုပ်နည်း

- ပထမဦးစွာ မုန့်ဖတ်ပေါ်သို မန်ကျည်းရည် ဆမ်းပါ။ (မန်ကျည်းရည်အစား သံပုရာသီးညှစ်ထည့်နိုင်ပါသည်။)
- ထိုနောက် ငံပြာရည် ၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့် တိုကို ထည့်၍ သမစွာ နယ်ပေးပါ။
- ငါးဖယ်ကြော်များ ၊ ပဲကပ်ကြော်များကို ညှပ်၍ သော်လည်းကောင်း ချေ၍သော်လည်းကောင်း ထည့်ကာ သုံးဆောင်နိုင်ပါသည်။
- နံနံပင် ကြိုက်သူများအတွက် နံနံပင်များညှပ်ထည့်၍ သုံးဆောင်နိုင်ပါသည်။

YOUTUBE ^
food

သာကူကြို

ပါ၀င်ပစ္စည်းများ [လူ(၂၀)စာ]
  • သာကူစေ့     - ၅၀သား (ဇကာဖြင့် သဲပြာထား)
  • ထန်းလျက်    - ၅၀သား (ကျို၍ သဲစစ်ထား)
  • ကန်စွန်းဥ      - ၅၀သား (အတုံးတုံး ရေစိမ်ထား)
  • အုန်းသီး       - ၁ လုံး (ခြစ်ထား)
  • ဆား            - ၁ ဇွန်း ( လဖက်စားဇွန်း )
  • ရေ              - ၄ လီတာ

ပြင်ဆင်ပြုလုပ်နည်း

- ပထမဆုံး ထန်းလျက်ရည်ကျိုရမယ်။အိုးထဲ ရေ ၄ လီတာ ထည့်ပြီး ထန်းလျက်ပျော်လာတဲ့အထိကျိုပါ။
- ပြီးရင် အနည်ထိုင်အောင် ထားထားပေးပါ။အနည်ထိုင်တော့မှ သောက်ရေစစ်နဲ့ စစ်ပါ။
- အောက်ခြေမှ အမှုန်များ လုံးဝမပါအောင်သတိပြုပါ။ထိုနောက်စစ်ပြီးသား ထန်းလျက်ကို ပြန်ကျိုရပါမယ်။
- ဆူလာလျင် သာကူစေ့များထည့်ပြီး မွှေပေးနေရပါမယ်။၁၀ မိနစ်ခန့်ကြာသော် ကန်စွန်းဥအတုံးလေးများထည့်ပြီး ၅ မိနစ်ခန့်ကြာသောအခါ အုန်းသီးလေးများထည့်မွှေပြီး အိုးချလိုရပါပြီ။

သာကူကတော့ အေးသွားရင် ဗျစ်ခဲကြီးဖြစ်သွားတာမို ပူတုန်းလေးမှာ စားကြဖိုအကြံပြုပါသည်။

YOUTUBE ^
food
food

ရွှေရင်အေး

ပါဝင်ပစ္စည်းများ
  • PEP နို့စိမ်း ၁ဘူး                 -  ဆားအနည်းငယ်
  • ကျိုထားပြီးသား သာကူ        -  ရေခဲ
  • မုန့်လက်ဆောင်းဖတ်           -  သကြား
  • ကောက်ညှင်းပေါင်း             -  အုန်းနို့ကျောက်ကျော

ပြင်ဆင်ပြုလုပ်နည်း

-အုန်းနိုကျောက်ကျောလုပ်ဖိုအတွက် သကြား၊ PEP နိုစိမ်းဘူးတွေကို ရေနဲ့ရောကျိုပါ။
- ပျစ်လာပြီဆိုရင် အအေးခံလိုက်ရုံပါပဲ မုန့်လက်ဆောင်းဖတ်အတွက်ကတော့ ဆန်မုန့်၊ ကော်မုန့်၊ဆား၊ ဆွမ်းမွှေးရည် တွေကိုပြင်ဆင်ပါ။
-ရေနွေးပူပူထဲမှာ ဆန်မုန့်၊ကော်မုန့်၊ဆား တွေကိုထည့်ပြီးပျစ်လာတဲ့အထိကြိုပေးရပါမယ်။
-ဆွမ်းမွှေးရည်နဲ့ အရောင်ထည့်ပြီး ရေခဲရေထဲမှာ ဇကာလေးခံပြီးလောင်းထည့်လိုက်ရင် မုန့်လက်ဆောင်းဖတ်လေးရပါပြီ ။
- PEP နိုစိမ်း ၁ ဘူးခွဲလောက်ကို ရေနဲ့ ဖျော်ပြီး နိုစိမ်းရည်လုပ်ပါ။
-သကြားကိုလည်းရေနည်းနည်းလေးနဲ့ ပျော်ရုံလေးအပူပေးပါ။
-ဒါတွေအားလုံးရပြီဆိုရင်တော့ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ကျောက်ကျော၊ သာကူ၊ ရေခဲလေးထည့် သကြားရည်၊ PEPနိုစိမ်းရည်လေးစမ်းပြီး အရသာရှိတဲ့ ရွှေရင်အေးလေးကို သုံးဆောင်လိုရပါပြီ။

YOUTUBE ^
Shwe_Hta_MIn

ရွှေထမင်း

ပါ၀င်ပစ္စည်းများ
  ကောက်ညှင်းဆန် - ဆန်ချင်ဗူး နှစ်ဗူး
  ထန်းလျှက်ခဲ         - 100 g
  (အချိုကြိုက်လျှင်အနည်းငယ်ပိုထည့်ပါ)
  သကြားအညို        
  ဆား              - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  အုန်းသီးမှုန့်     - နှစ်သက်သလောက် 
  ရေ                - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး 
                         (ထန်းလျက်ကျိုရန်)                 
                                   

ပြင်ဆင်ပုံ

-ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ တစ်ညသိပ် ရေစိမ်ထားပေးလိုက်ပါ။
- နောက်နေ့မနက်မှာ စိမ်ထားသော ရေကိုသွန်ပြီး ခပ်စိတ်စိတ် အပေါက်ပါတဲ့ ပေါင်းဇကာထဲ ထည့်ပေးကာ အောက်ခံအိုးထဲကို ရေ တစ်ဝက်မရှိတစ်ရှိ ထည့်ပြီး မီးကိုအလယ်လတ်မှာထားပြီး ရေဆူအောင်တည်ပေးပါ။
-ရေဆူပြီ ဆိုတာနဲ့ မီးကိုအနည်းငယ်ထပ်လျှော့ ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းဇကာကို ရေဆူအိုးပေါ်တင်ပြီး အဖုံးအုပ်ကာ ၄၅မိနစ်ခန့် ပေါင်းပြီးအအေးခံကာရေဆေးချပါ။
- ကောက်ညှင်းဆန် အလုံးအပျက်ဘဲ နပ်စေရန် ပေါင်းနေစဉ် အထက်အောက် တခါလောက် လှန်ပေးပါ ကောက်ညှင်းပေါင်းနေစဉ် သကြားအညို သို့မဟုတ် ထန်းလျှက်ခဲကို ဆားနှင့် ရေအနည်းထည့်ကာ ထန်းလျှက်ခဲ ပျော်လာအောင် ခပ်ပျစ်ပျစ်လေး ကျိုထားပေးပါ။
-အုန်းသီးမှုန့်ကို ပြင်ထားပေးပါ ကောက်ညှင်းနပ်ပြီ ဆိုတာနဲ့ ကောက်ညှင်းပူနေတုန်းမှာ ထန်းလျက်ရည်ကို ရောမွှေပေးပါ။
-ကောက်ညှင်းနှင့် ထန်းလျှက်ရည် ရောမွှေစဉ် အရည်ပက်ရွှဲကြီး မဖြစ်စေရန် ထန်းလျက်ရည်ကို နည်းနည်းချင်း ထည့်မွှေပေးပါ။
-ကောက်ညှင်းနှင့် ထန်းလျှက်ရည်ကို သမအောင် မွှေပြီးတာနဲ့ သင့်တော်သော ဗန်း သို့မဟုတ် ပန်းကန်တခုထဲမှာ ထည့်ပေးပြီး မျက်နှာပြင်ညီကို ညီအောင်ညှိကာ တစ်ညလောက် အအေးခံပေးပါ။
-အအေးခံပြီးသွားပြီ ဆိုတာနဲ့ မိမိနှစ်သက်ရာ ပုံစံရအောင် ဓါးမှာဆီသုတ်ပြီး လှီးပေးထားရပါမယ်။
-ရွှေထမင်းလေးတွေ လှီးပြီးတာနဲ့ အုန်းသီးမှုန့်ကို ဖြူးပေးကာ ရွှေထမင်း ချိုချိုလေးကို စားသုံးနိုင်ပါပြီဖြစ်ပါတယ်။

YOUTUBE ^
Shwe_Hta_MIn
food

ရွှေကြည်ဆနွင်းမကင်း

ပါဝင်ပစ္စည်းများ
  ရွှေကြည်                   - လေးဘူး
  အုန်းနို့ဘူးကြီး             - တစ်ဘူး
  သကြား                     - သုံးဘူး
  ထောပတ်                  - 1/2ဘူး
  ဆီ                             -  တစ်ဘူး
  ရေနဲ့အုန်းနို့ပေါင်း         -  ငါးဘူး
  ဘိန်းစေ့                     -  နှစ်ဇွန်း
      
ပြင်ဆင်ပြုလုပ်နည်း

ရွှေကြည် ကိုမီးနည်းနည်းဖြင့်လှော်ပြီး ပါဝင်ပစ္စည်းများထည့်ကာ ဆီပြန်သည်အထိမွှေပေးပါ။ရေကုန်သွားပြီဆိုလျှင် ကင်မည့် ဗန်းထဲသို ထောပတ်သုတ်ပြီး ထည့်ပါ။ အပေါ်ကလည်း ထောပတ်သုတ်ပေးပြီး ဘိန်းစေ့ဖြူးပါ Ovenနဲ့ အပေါ်အောင်မီး 180° ဖြင့် 30မိနစ် ကင်လျှင် ရွှေရောင်သန်းနေတဲ့ ဆနွင်းမကင်းလေးရပါပြီ။အအေးခံ၍လိုသလိုလှီးပြီးသုံးဆောင်နိုင်ပါပြီ

YOUTUBE ^
yay_sa_kyo_htanti_mok

ရေစကြိုထန်းသီးမုန့်

ပါဝင်ပစ္စည်းများ
  ဆန်မှုန့်
  ထန်းသီးနှစ်
  ထန်းလျက်
  ဆား အနည်းငယ်
  ကြက်ဥ (မထည့်လည်းရပါတယ်)
        

ပြင်ဆင်ပြုလုပ်ပုံ
-ပထမဆုံး ထန်းသီးမှည့်မှည့်ကို အခွံခွာပြီး ထန်းသီးဆန်တွေကို အနှစ်တိုက်ရပါတယ်။ အနှစ်တိုက်ရာမှာ အမြုပ်ထလာတောင် တိုက်ရပါတယ်။
-ဆန်ကို အမှုန့်ကြိတ်တာဖြစ်ဖြစ် ဆန်မှုန့်ကို ဖြစ်ဖြစ် သုံးလိုရပါတယ်။
-မုန့်ဆန်ရည် မပျစ်မကျဲ အနေအထားမှာ ထန်းလျက်နဲ့ ထပ်ရောရပါတယ်။
-ဆားအနည်းငယ်ထည့်ပါ။
-တချို့ကတော့ သကြားသုံးပါတယ်။
-အညာစစ်စစ် ထန်းသီးမုန့်ကတော့ ထန်းလျက်နဲ့ပဲ လုပ်ပါတယ်။
-ပြီးရင် အနှစ်တိုက်ထားတဲ့ ထန်းနှစ်နဲ့ရောစပ်ပါ။
-ပြီးရင် လေလုံအောင် အဖုံးအုပ်ပြီး အနည်းဆုံး ၆နာရီထားပါ။
-တချိုကတော့ တစ်ညအိပ်ပြီး မနက်မှ လုပ်ပါတယ်။ ထန်းသီးနံ့လေး ပိုထွက်ပါတယ်။
-မုန့်ရည်တွေကို အနည်းဆုံး ၆နာရီထားပြီးရင်တော့ အဝကျယ်အိုးနဲ့ ရေနွေးဆူဆူတည်ပြီး အငွေ့တွေ တက်လာရင် ဇကာ (သို) ဇကောကို အိုးပေါ် တင်ထားရပါမယ်။
-အဲ့ပေါ်မှာ ပိတ်ဝသန့်သန့်လေး ခင်းပြီး ရောထားတဲ့ ဆန်မုန့်ရည်တွေကို လောင်းလိုက်ပါ။
-ရေနွေးငွေ့နဲ့ပေါင်းသလိုပါပဲ။ ပြီးရင် အုပ်စရာတစ်ခုခုနဲ့ အုပ်ထားပါ။
-အငွေ့လုံစေဖို အုပ်ထားတဲ့ ပတ်ပတ်လည်တွေကို အဝတ်ကို ရေစွတ်ပြီး ကာထားပါ။
-မိနစ် ၂၀-၂၅ မိနစ်လောက်ဆို ထန်းသီးမုန့်လေးတွေ ရပါပြီ။
-စားခါးနီး အုန်းသီးကို ခြစ်ပြီး ဖြူးစားလို ရပါတယ်။
-တချို့ကတော့ အုန်းသီးကြော်တွေ ဖြူးစားကြပါတယ်။
-ရန်ကုန်မှာတော့ တချို့ဈေးတွေထဲမှာ ရောင်းပါတယ်။
-ကော်ဖီလေးနဲ့ တွဲပြီး စားရတဲ့ အရသာဟာ ဆိမ့်ဆိမ့်ချိုချိုလေးနဲ့ စွဲမက်ဖွယ်ပါ။။

YOUTUBE ^
yay_sa_kyo_htanti_mok
food

ကရေကရာ

ပါဝင်ပစ္စည်းများ
  ကောက်ညင်းမုန့် - ၂ဝဝ ဂရမ်
  အုန်းနို - ၁၅၀ ml
  သကြား - ၁၅၀ ဂရမ်
  ဆား - အနည်းငယ်
  အုန်းသီးဖတ် - ၂၀၀ ဂရမ်
  ( ထမင်းစား ပန်းကန်၂လုံး )


ပြင်ဆင်ပြုလုပ်ပုံ
1 ဦးစွာကောက်ညင်းမုန့်ကိုလှော်ပေးပါ။အရောင် အနည်းငယ်ညိုအောင်လှော်ပြီးအအေးခံထား ပါ။
2 အိုးတခုတွင်အုန်းနို၊သကြား ၁ဝဝ ဂရမ်(၅၀ ဂရမ်ချန်ထားပါ)၊ဆားအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တွင်ကျိုပေးပါ။
3 သကြားပျော်ပါကခြစ်ထားသောအုန်းသီးဆံထ ည့်ပြီးဆူပွ က်အောင်တည်ပါ။
4 ဆူပွက်ပါက၂မိနစ်ခန့်တည်ထားပြီးမီးကို အသေးဆုံးလျော့ချကာကောက်ညှင်းမှုန့်၁၅၀ ဂရမ်ထည့်ပါ။(၅၀ဂရမ်ချန်ထားပါ)
5 ကောက်ညှင်းမှုန့်ထည့်ပြီးအုန်းနိုအုန်းသီးတိုကို သမအောင်အဆက်မပျက်မွေပေးပါ။
6 တဖြေးဖြေးပျစ်ခဲလာပါကမီးပိတ်ပြီး၅မိနစ် ခန့်အအေးခံကာချန်ထားသောသကြား၅၀ဂရမ် ကိုထည့်ပြီးမွေပေးပါ။
7 ဗန်းတခုအောက်ခြေတွင်ချန်ထားသော ဆန်လှော်မှုန့်တဝက်ဖြူးပါ။ပြီးလျှင်အပေါ်မှ ကျိုထားသည့်အရောကိုထည့်ပါ။
8 မျက်နှာပြင်ညီအောင်ဖိပြီးညိ၍အပေါ်မှကျန် ကောက်ညှင်းမှုန့်တဝက်ဖြူးပြီးအအေးခံကာ လိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။

YOUTUBE ^
A_Nu_Sok

အနုဆုပ်

ပါဝင်ပစ္စည်းများ
ကုလားပဲမှုန့် (အကျက်)      - ၁၅၀ဂရမ်
သကာရည်                - ၂၀၀ ဂရမ်


ပြင်ဆင်ပြုလုပ်ပုံ
၁။ သကာရည်ကိုခဲနေပါကရေနွေးတဇွန်းခန့်ထည့်ပြီးညောင်စေးပုံစံ ဖြစ်အောင်မွေပြီးချေထားပါ။ (အချို့သကာရည်မှာလေသလပ်ပြီးခြောက်နေတတ်ပါတယ်)

၂။ သကာရည်ပန်းကန်အတွင်းသို့ပဲမှုန့်အကျက်၁၂၀ဂရမ်ထည့်ပြီး သမအောင်မွေပေးပါ။ကျန်ပဲမှုန့်လက်ကျန်ကိုဘမ်းတခုတွင်ထည့် ထားပါ။
၃။ လုံး၍ရသောအနေအထားထိနယ်ပေး ပြီးမိမိနှစ်သက်ရာအရွယ် ဆုပ်လုံးပေးပါ။
၄။ လုံးပြီးသားအနုဆုပ်လေးများကိုပဲမှုန်ဖြူးထားသောဘမ်းတွင်ထည့် ပြီးလိမ့်ကာလူးပေးပါ။
၅။ အားလုံးလုံးပြီးပါကဘမ်းကိုနေပူတွင်တရက်ပြပြီးခြောက်သွား ပါကလေလုံသောဘူးတွင်ထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ အထက်ပါအချိုးမှာ၁၀လုံးမှ၁၅လုံးရရှိပါတယ်။
၆။ ပုံစံဖြင့်ပြုလုပ်လိုပါကဘမ်းတွင်ဖြန့်ထည့်ပြီးပုံစံခွက်ဖြင့်ဖြတ်ကာ အထက်ပါနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။

^
A_Nu_Sok
Mok_Sein_Paung

မုန့်စိမ်းပေါင်း

ပါဝင်ပစ္စည်းများ
ဆန်မှုန့်                   -  ပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
ကောက်ညှင်းမှုန့်       - ထမင်းစားဇွန်း တစ်ဇွန်း
မုန့်လုပ်ထန်းလျှက်ခဲ   - ဆန်ချင်ဗူး တစ်ဗူး
(ချေပြီးသား) 
ရေ    - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး 
           (ထန်းလျှက်ရည်ကျိုရန်)
ဆား     - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
              (ထန်းလျှက်ရည်ကျိုရန်)
ဇကာစိတ်စိတ်    - တစ်ခု
ပေါင်းအိုး           - အစုံတစ်အိုး 
မုန့်စိမ်းပေါင်း ပေါင်းမည့်ဗူး - တစ်ခု
ပိတ်စသန့်သန့်    - သုံးစ
နှမ်းထောင်း        - လိုသလောက်
အုန်သီးမှုန့်          - လိုသလောက်
မုန့်စစ်ဇကာ        - တစ်ခု
      
ပြင်ဆင်ပြုလုပ်နည်း

ထန်းလျှက်ရည်ကျိုရန်ဇောက်အနည်းငယ်နက်သော အိုးထဲမှာ ထန်းလျှက် ဆားနှင့် ရေအနည်းငယ် ထည့်ပေးပြီး ပျော်အောင် ကျိုပေးပါ ထန်းလျှက်များ အရည်ပျော်လာပါ ခပ်ပျစ်ပျစ်လေး ရအောင်ကျိုပြီး အအေးခံထားပါ ဇလုံတခုထဲမှာ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်ကို သမအောင် မွှေပေးပါ ပြီးတာနဲ့ ရေကိုနည်းနည်းချင်းယူကာ ဆန်မှုန့်အပေါ်မှာ ဖျန်းဖျန်းပေးပြီး နယ်ပေးပါ ရေအများကြီး မထည့်မိစေရန် သတိထားပါ ရေနည်းနည်းချင်း ထည့်နယ်ရင်းက ဆန်မှုန့်သား စိုလာပြီဆိုရင် ရပါပြီ မုန့်သားစစ်ရန် ဇလုံတစ်ခုကို အောက်ခံထားပြီး ဇလုံပေါ်မှာ အပေါက် ခပ်စိတ်စိတ်ပါသော ဇကာကို တင်ပေးပါ ထိုဇကာထဲကို မုန့်သားကို နည်းနည်းချင်းယူကာ လက်နှင့်ဖိဖိပြီး တိုက်ချပေးပါ မုန့်သားကုန်တဲ့အထိ ဇကာနှင့် တိုက်ချပေးပါ ပြီးတာနဲ့ ပေါင်းဇကာပေါ်မှာ ပိတ်စကို ခင်းပေးပါ ထိုပိတ်စပေါ်မှာ အမှုန့်စစ်ထားသော ဆန်မှုန့်မုန့်သားကို ထည့်ပေးကာ ပိတ်စကို အုပ်ပေးပါ ပေါင်းအိုးအောက်ခံ အိုးထဲကို ရေတစ်ဝက်သာသာ ဖြည့်ပေးပြီး ဆူအောင်တည်ပေးပါ ထိုရေဆူနေတဲ့ အိုးပေါ်မှာ ဆန်မှုန့်စစ်ပြီး ထည့်ထားသော ပေါင်းအိုးဇကာကိုတင်ကာ ပေါင်းပေးပါ ပေါင်းချိန် ဆယ်မိနစ်လောက် ပေါင်းပေးပြီးတာနဲ့ မီးပိတ်ပေးပါ ပေါင်းထားသော ဆန်မှုန့်ပေါင်းကို ဇလုံတစ်ခုထဲ သွန်ချပေးပါ ဆန်မှုန့်ပေါင်းပြီးသားကို အသာဖွပေးပြီး မုန့်သားအဖြူအတွက် အနည်းငယ် ဖယ်ထားပေးပါ မုန့်သားအဖြူအတွက် ချန်သားသော ဆန်မှုန့်ပေါင်းပြီးသားကို ရေထမင်းစားဇွန်း တစ်ဇွန်းလောက်နဲ့ ခပ်ဖွဖွလေး နယ်ထားပါ ကျန်မုန့်သားကို ထန်းလျှက်ရည် နည်းနည်းခြင်း ထည့်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ ထန်းလျှက်ရည် နယ်ပြီးသား မုန့်သားရလာတာနဲ့ မုန့်စိမ်းပေါင်းလုပ်မည့် ဗူးထဲကို ထည့်ဖိုပြင်ပေးပါ မုန့်စိမ်းပေါင်း ပေါင်းရန် မုန့်ပေါင်းမည့် ဗူးထဲကို အဝတ်စတစ်စ ဖြန့်ခင်းပေးပြီး ထည့်ပေးပါ ဗူးရဲ့အောက်ဖက် အထဲကို မုန့်သားအဖြူကို ခင်းပြီးထည့်ပေးကာ အနည်းငယ်လောက်ဘဲ ဖိသိပ်ပေးပါ မုန့်သားအဖြူ ထည့်ပြီးပါက ထန်းလျှက်ရည် နယ်ထားသော မုန့်သားကို ထည့်ပေးကာ အနည်းငယ်လောက်ဘဲ ဖိသိပ်ပြီး ထည့်ပေးပါ အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းခံဇကာပေါ်မှာ အဝတ်စ တစ်ကိုစ ခင်းလိုက်ပါ ပြီးတာနဲ့ ထိုမုန့်သားများ ထည့်ထားသော မုန့်ဗူးကို ပေါင်းခံဇကာပေါ်က အဝတ်စပေါ်မှာ ပြောင်းပြန်မှောက်ပြီး တင်ပေးပါ ပေါင်းအိုးအောက်ခံအိုးကို ရေအနည်းငယ် ထည့်ပေးပြီး ဆူအောင်တည်ပေးပါ ရေဆူလာတာနဲ့ မုန့်သားထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပြီး အဖုံးအုပ်ကာ ၁၅မိနစ် ပေါင်းပေးပါ ဆယ့်ငါးမိနစ် ပြည့်တာနဲ့ မုန့်စိမ်းပေါင်း ချိုစိမ့်စိမ့်လေး ရပါပြီ မုန်းစိမ်းပေါင်းကို ဗန်းတစ်ခုထဲ မှောက်ချပြီးဘေးဘက်မှအနေတော်လှီးချပြီးပန်းကန်ပြားတစ်ချပ်ထဲကိုထည့်ပေးကာနှမ်းထောင်းနှင့် အုန်းသီးမှုန့်ဖြူးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

YOUTUBE ^
food

မုန့်ကျွဲသဲ

ပါဝင်ပစ္စည်းများ
-  ဆန်စိမ်းမှုန့် -  ၁ ခွက် ( ထမင်းစားဇွန်း ၁၆ ဇွန်း )
-  စားထုံး    -  လက်ဖက်ရည်ဇွန်း တဝက်(lime stone)
-  ရေ       -  ၁ လီတာ 


ပြင်ဆင်ပြုလုပ်နည်း
၁။ ထုံးကို ရေ၁ လီတာထဲထည့်ပြီး ကြက်ဥခလောက်တံဖြင့်နာနာခလေက်ပါ။ ပြီးရင် အနည်းဆုံး ၈ နာရီခန့် ထားပါ။
၂။ ထုံးကို ၈ နာရီခန့်ရေစိမ်ပြီးရင် အပေါ်ထုံးရည်ကြည်ကို ၇၅၀ မီလီလီတာကို ယူပါ။ (ထုံးရည်ကြည်ယူလျှင် စိမ်ထားတဲ့ ဇလုံကို ဘေးစောင်းပြီး ရေကိုအခြားခွက်ထဲကို ဖြည်းဖြည်းချင်းလောင်းယူပါ။ ထုံးရည်ကို ခပ်ပြီးမယူရပါ။ ခပ်ပြီးယူရင်ထုံးတွေပါလာတတ်ပါတယ်။)
၃။ ဇလုံတခုထဲမှာ ဆန်စိမ်းမှုန့်၊ ထုံးရည်ကြည် ၇၅၀ မီလီလီတာ၊ ဆား၊ ထန်းလျက်ရည်၊ ဆီတိုကိုထည့်ရျ် သမအောင်လုပ်ပါ။၄။ ထိုနောက် မကပ်တဲ့ အိုးထဲကို ဖျော်ထားသော အရည်များထည့်၍ အပူပေးပါ။
၅။ အပူပေးထားသောအိုးကို အဆက်မပျက်မွှေပေးပါ။ ၁၅ မိနစ်လောက်မွှေပြီးလျှင် ပျစ်လာပါလိမ့်မည်။
၆။ ပျစ်လာလျှင် ဆီသုတ်ထားသော မုန့်ထည့်အအေးခံမည့် ထဲကိုထည့်ပါ။ ထိုနောက်အအေးခံပါ။
၇။ လုံးဝအေးသွားလျှင် ကြိုက်နှစ်သက်သလိုလှီး၍ အုံးသီးဖြူးပြီး သုံးဆောင်နိုင်ပါပြီ

YOUTUBE ^
food
food

မုန့်ပေါင်း

ပါဝင်ပစ္စည်းများ
-မြေအိုးမှာ ပေါင်းခွက် ၊ အဖုံး( စလောင်းဖုံး) ပါတဲ့ တစ်စုံ ပိတ်စ ပါးပါး တစ်ခု ၊ တရုတ် ရေနွေးသောက် ပန်းကန်လုံးစောက် ခပ်ပက်ပက်က အခရာ ဖြစ်ပါတယ်။
-ဆန်ကြမ်းမှုန့် - ၃ ဆ
-ကောက်ညှင်းမှုန့် -၁ ဆ
-စားတော်ပဲပြုတ် (မုန့် အဆိမ့် ပြုလုပ်ရန်)
-နှမ်းထောင်း (မုန့် အဆိမ့် ပြုလုပ်ရန်)
-ဆား
-ထန်းလျက်( သေးသေးညှပ်ပြီး ခြေထားပါ။ မုန့် အချို ပြုလုပ်ရန်)


ပြင်ဆင်ပြုလုပ်နည်း
-ဆန်ကြမ်းမှုန့် နှင့် ကောက်ညှင်းမှုန့် ကိုသမအောင်မွှေပြီး၊ ရေကျက်အေးကို အနည်းငယ်စီ ဖြန်းပြီး ဇလုံ တစ်ခုမှာ နှပ်ထားရပါမယ်။
-ရေအချိုး အတိအကျ မရှိပေမဲ့ ပြုလုပ်တဲ့ မုန့်သားဟာ အလွယ်တကူခြစ်ထုတ် လိုရမဲ့ အနေအထား ရှိရပါမယ်။
-နှပ်ထားတဲ့ မုန့်သားကို ရေစိုတဲ့ အဝတ်စ ပါးပါးလေးနဲ့ အနည်းဆုံး ၅ နာရီခန့် အုပ်ထားပါ။ (မုန့်သား အချဉ်ဖောက် လာစေဖိုပါ။)
-မုန့်လုပ်မည့်အိုးမှာ အငွေ့ ကောင်းစွာရရန် မီးအရှိန်က အရံသင့် ရှိနေရပါမယ်။
-အဆိမ့်မုန့် အတွက် တရုတ် ရေနွေးသောက် ပန်းကန်အောက်ခြေမှာ ပဲပြုတ်ကို အောက်က ထည့်ပြီး မုန့်သားကို ဇွန်း (သို) ပန်းကန်အနားပါးပါးလေးနဲ့ ခြစ်ပြီး ခပ်ပြည့်ပြည့် ထည့်ပါ။
-ပန်းကန်လုံးအပေါ် ပိတ်စ ပါးပါးအုပ်၊ ပိတ်စ အဖျားကို စုပြီး ရေဆူနေတဲ့မြေပေါင်းအိုးမှာ တင်ပြီး စလောင်းဖုံး ပြန်ဖုံးကာ အငွေ့လုံအောင် ( ၃-၅ ) မိနစ်ခန့် ပေါင်းပါ။
-ပြီးလျှင် ပူပူနွေးနွေး နှမ်းထောင်းဖြူး၍ သုံးဆောင်နိုင်ပါပြီ။
-အချိူအတွက် မုန့်ပန်းကန် တစ်ဝက်လောက်မှာ မုန့်သားထည့်ပြီး ညှက်အောင်ခြေထားတဲ့ ထန်းလျက် ကိုထည့်ပါ။
-ပြီးလျှင် ခြစ်ထားတဲ့မုန့်သားကို ဖြည့်ပြီး အထက်ပါ နည်းအတိုင်း ပြန်ပေါင်းပါ။
-ပြီးလျှင် ပူပူနွေးနွေး နှမ်းထောင်းဖြူး၍ သုံးဆောင်နိုင်ပါပြီ။

YOUTUBE ^
food

စလူမုန့်

ပါဝင်ပစ္စည်းများ
• ကောက်ညှင်းမှုန့်စစ်စစ် - ၄ ဗူး( နို.ဆီဗူး )
• ထန်းဖိုထန်းလျက်ကြီး - ၂၅ ကျပ်သား
• ဆား - အနည်းငယ်
• ပဲဆီသန့် - အနည်းငယ်
• ငှက်ပျောဖက် - လိုအပ်သလောက် 


ပြင်ဆင်ပြုလုပ်နည်း
1. ပထမဆုံး ငှက်ပျောဖက်တွေကို သန့်စင်ပြီး ဇ ကာတစ်ခုမှာ တင်ပြီး ရေနွေးငွေ့ နဲ့ ပေါင်းပါ။ ထန်းဖို ထန်းလျက်ကိုလည်း ရေအနည်းငယ်နဲ့ ကျိုပြီး အနည်ကို ရေစစ်တစ်ခုနဲ့ စစ်ယူပါ။
2. စတီး ဇလုံကြီးကြီး (သို) ကြွေဇလုံ ကြီးကြီး တစ်ခုမှာ ကောက်ညှင်းမှုန့် ၊ ဆား ၊ ထန်းလျက် ရည်နဲ့ ကြက်သီးနွေး ရေအနည်းငယ်နဲ့ သမ အောင်ရောနယ် (လက်သီးနဲ့ ထိုးဖိပြီး ) နယ်ပေးပါ။
3. သတိပြုဖိုက မုန့်သားပျော့ မသွားစေပဲ ရေကို လိုအပ်မှ နည်းနည်းချင်း စီထည့်ပါ။ နယ်ပြီးရင် အနည်းဆုံး ၁၀ မိနစ်ခန့်လောက် နှပ်ထားဖို လည်း လိုအပ်ပါတယ်။
4. ပေါင်းထားတဲ့ ငှက်ပျောဖက်မှာ ဆီအနည်းငယ် သုတ်ပြီး မုန့်သားဒိုး တစ်လုံးစာကို ရှည်မျောမျော ပုံလေး ထည့်ကာ ငှက်ပျောဖက် အစွန်း ၂ ခုကို ခေါက်ချိုးပါ။
5. ထိုနောက် မြေပေါင်းအိုး (သို) မိမိနှစ်သက်ရာ ပေါင်းအိုးဖြင့် မိနစ် ၃၀ခန့် အထိ ပေါင်းရပါ မယ်။ ပူတုန်း စားရင်စေးကပ်ကပ်တဲ့ အရသာမ တွေ့ လှပါဘူး။

အအေးခံ ထားပြီး (၁) ပတ် လောက်ထိ စားသုံး နိုင်ပါတယ်။

^
food
food

ကြက်ကာလသားချက်

ပါဝင်ပစ္စည်းများ
- ကြက်သား (ဗမာကြက်)- (၅၀) ကျပ်သား
- ဗူးသီး (၁) စိတ် 
- ကြက်သွန်နီ (၂) လုံး
- ကြက်သွန်ဖြူ (၅) မွှာ
- ငရုတ်သီးအစိမ်းမှုန့် (၁) ဇွန်း
- ဂျင်း လက်တစ်ဆစ်
- အရသာမှုန့် အနည်းငယ်
- ငံပြာရည်


ပြင်ဆင်ပြုလုပ်နည်း
- ကြက်သားကို စင်ကြယ်အောင် ရေနဲ့ ဆေးကြောပါ။
- ကြက်သားကို အရွယ်တော်လေးတွေ ခုတ်ထစ်ပေးရပါမယ်။
- ကြက်သားတုံးလေးတွေကို အရသာမှုန့်၊ငံပြာရည်တို့နဲ့ အသားထဲကို စိမ့်ဝင်စေတဲ့အထိ နယ်ပေးရပါမယ်။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့်နဲ့ ဂျင်းတို့ကို ရောပြီး ညက်နေအောင်ထောင်းပေးပါ။
- ဘူးသီးကို ရေစင်အောင်ဆေးကြောပြီး မထူမပါးလေး လှီးပေးထားရပါမယ်။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂျင်းတို့ကို အရင်ဆီသတ်ပေးပါ။
- ငရုတ်သီးအစိမ်းမှုန့်နံ့ ပျောက်သည်အထိ ဆီပူပူနဲ့ ဆီသတ်ပြီးရင်တော့ ကြက်သားတွေကို ထည့်ပါ။
- ငါးမိနစ်ခန့်အထိ အဆက်မပြတ် မွှေပေးပါ။
- သင့်တော်တဲ့ရေပမာဏ ထည့်ပြီးတော့ မီးပြင်းပြင်းလေးနဲ့ ကြက်သားနူးအိသည်အထိ ထားပေးလိုက်ပါ။
- ကြက်သားနူးအိသွားပြီဆိုရင်တော့ ဗူးသီးလေးတွေကို ထည့်လို့ရပါပြီ။
- ဗူးသီးနူးပြီဆိုရင်တော့ ကြက်ဗူးသီး(ခေါ်) ကြက်ကာလသားဟင်းကို သုံးဆောင်လို့ရပါပြီ။

YOUTUBE ^
food

အုန်းထမင်း

မိမိ အိမ်မှာပဲ အလွယ်တကူချက်စားလို့ရစေဖို့ ထမင်းပေါင်းအိုးနဲ့ ချက်တဲ့နည်းလေးကို ပြောပြပေးပါမယ်။

ပါဝင်ပစ္စည်းများ
- ပေါ်ဆန်းမွှေးဆန်
- ကြက်သွန်နီ
- ဆား
- သကြား
- အုန်းနို့
- ဆီ အနည်းငယ်


ပြင်ဆင်ပြုလုပ်နည်း
- အုန်းသီးကို ခြစ်ပြီး ရေမရောပဲ အုန်းနို့ ဦးရည် ပျစ်ပျစ်လေးကို ညှစ်ယူပြီး သီးသန့်ခွက်လေးထဲ ထည့်ထားပါ။
- ကျန်တဲ့ အုန်းသီးဖပ်တွေထဲကို ရေထည့် လက်နဲ့ညှစ်ပြီး ကျန်တဲ့ အုန်းနို့ရည် ကျဲကျဲလေးကို ညှစ်ယူထားပါ။
- ထမင်းပေါင်းအိုးထဲကို ဆန်ဆေး ထည့်ပါ။
- ခုနက ညှစ်ထားတဲ့ အုန်းနို့ အကျဲရည်ကို ထမင်းပေါ် လက်တစ်ဆစ် မြုပ်အောင်ထည့်ပါ။
- ကြက်သွန်နီ လေးစိပ်စိပ် အဖပ်လှန်ထည့်ပါ။
- ဆားအနဲငယ် နဲ့ သကြား ထည့်ပြီး ထမင်းချက်ထားပါ။
- ထမင်းရေခန်းပြီး နွှေးခလုတ် တက်ခါနီးမှာ ဆီ အနည်းငယ် နဲ့ အုန်းနို့ဦးရည်လေး ထည့်မွှေလိုက်ပါ။
- ပီးရင် အဖုံးပြန်အုပ်ပြီး အုန်းထမင်းကို နှပ်ထားလိုက်ပါ။
- ထမင်းပေါင်းအိုး ခလုတ်တက်ပြီး နွှေးနှပ်ပြီးရင်တော့ မွှေးပျံ့နေတဲ့ အုန်း ထမင်းလေးရပါပြီ။

- အုန်းသီး ခြစ်ညှစ်ဖို့ မလွယ်ကူရင်လဲ Readymade အုန်းနို့ရည် ထည့်နိုင်ပါတယ်။ ဆန်ပေါ် ရေလက်တစ်ဆစ်ထည့်ချက်ပြီး နွှေးခလုတ်တက်ခါနီးမှာ Readymade အုန်းနို့ရည် ထည့်နှပ်ရုံပါပဲ။ ဆီကိုတော့ ထမင်း အရောင်ဝင်းရုံလေးသာ အနည်းငယ်ပဲ ထည့်ပေးပါ။ ဆီများရင် စားလို့ မကောင်းပါဘူး။ အီပါတယ်။

- အရသာအတွက် အချို, အငံကတော့ မိမိ စိတ်ကြိုက် အရသာ သင့်ရုံလေးပဲ မှန်းထည့်ပါ။ ဒါကတော့ မိမိအိမ်မှာပဲ အလွယ်တကူ ထမင်းပေါင်းအိုးနဲ့ ချက်စားလို့ ရစေမယ့် နည်းလေးကို ပြောပြပေးတာပါ။ ထမင်းဆန်သားလေးကို ကော့ညွှတ် လှပနေစေရင်တော့ ထမင်းကို ရေငှဲ့ပြီး အပေါ်မီး အောက်မီးနဲ့ နှပ်ပြီး ချက်မှ ရပါတယ်။

YOUTUBE ^
food
food

ဝက်သားဆီပြန်

ပါဝင်ပစ္စည်းများ
- ဝက်သား
- ခရမ်းချဉ်သီး
- ဆနွင်း
- ကြက်သွန်နီ 
- ကြက်သွန်ဖြူ
- ပဲငံပြာရည် 
- ဂျင်း 
- ငရုတ်သီး
- အရောင်တင်မှုန့်


ပြုလုပ်နည်း
- ဝက်သားကို ပဲငံပြာရည်၊ ဆား၊ ဆနွင်းတို့ဖြင့်နယ်ထားပါ။
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်း ငရုတ်သီး ရောပြီး ညှက်နေအောင်ထောင်းပါ။
- ဆီပူလာလျှင်ထောင်းထားသည်များကိုထည့်ပါ။
- အရောင်တင်မှူန့်ထည့်ပါ။
- နွမ်းလာရင်ဝက်သားထည့်ပါ။
- ဝက်သားနူးသည်အထိ ‌ရေထည့်၍ ချက်ပေးပါ။
- ဝက်သားနူးလျှင် သုံး‌ဆောင်နိုင်ပါပြီ။

YOUTUBE ^
food

ငါးရံ့အူဟင်း

ပါဝင်ပစ္စည်း
- ငါးရံ့အူ
- ငါးပိ
- ကြက်သွန်နီ
- ငရုတ်သီးမှုန့်
- နနွင်းမှုန့်
- မန်ကျည်းသီး


ပြုလုပ်နည်း
- ငါးရံ့အူကိုပြောင်နေအောင်ဆေးကြောပါ။
- ကြက်သွန်နီကို ဆီသတ်ပါ။
- နနွင်းမှုန့်၊ ငရုတ်သီးမှုန့်ထည့်ပါ။
- ငါးပိစိမ်းစား အနည်းငယ်ထည့်ပါ။
- ငါးရံ့အူထည့်ပါ။
- မန်ကျည်းရည် ကြိုက်ပါက ထည့်နိုင်သည်။
- ငါးရံ့အူ နူးအိလျှင် သုံးဆောင်နိုင်ပါပြီ။

YOUTUBE ^
food
food

ငါးသလောက်ပေါင်း

ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ ( လှီးထားပါ )
- ကြက်သွန်နီ ( အကွင်းကွင်းထားပါ )
- ခရမ်းချဉ်သီး ( လေးစိပ် စိပ်ထားပါ )
- ချင်း ( ထောင်းထားပါ )
- စပါးလင် ( ထုခွေထားပါ )
- ရှောက်သီး
- ဆား
- သကြား
- အရသာမှုန့်
- ပဲငံပြာရည်
- နနွင်း
- အရောင်တင်မှုန့်


ပြုလုပ်နည်း
- ဆား,နနွင်း, အရသာမှုန့် နယ်ထားတဲ့ငါးကို ဆီပူပူမှာ ကြော်ပေးထားပြီး ဆယ်ယူထားပါ။
- အိုးထဲ ဆီထည့်ပြီး ငရုတ်သီးအစိမ်းမှုန့်ကို ကျက်အောင်မွှေပြီး မီးပိတ်လိုက်ပါ။
- ပြီးရင် အိုးအောက်ခြေမှာ စပါးလင်များ ဖြန့်ခင်းပြီး ငါးများကို ခင်းထားလိုက်ပါ။
- ချင်း, ရှောက်ရည် ဆား၊ သကြား၊ အရသာမှုန့်၊ ပဲငံပြာရည်ထည့်ပြီးရင် ရေမြုပ်ရုံထည့်ပြီး အဖုံးပိတ်ကာ မီးအေးအေးဖြင့် ပေါင်းပါ။
- ရေခန်းခါနီးရင် ရေကို ထပ်ထပ်ဖြည့်ပြီး အရိုးနူးလာသည်အထိ မီးအေးအေးဖြင့် ပေါင်းပါမယ်။
- အရိုးနူးပြီဆိုမှ အိုးမချခင် ၁၅ မိနစ်အလိုမှာ ကြက်သွန်ဖြူ/နီ, ခရမ်းချဥ်သီးများထည့်ပါ။ ဆီပျံလာရင် အရိုးနူး ငါးကြင်းပေါင်းရပါပြီ။

မှတ်ချက်
- ကျမ ငါးသလောက်ပေါင်းရင် ဂျင်း,စပါးလင် လုံးဝ မထည့်ပါဘူး။ ဒါပေမယ့် ငါးကြင်းပေါင်းကတော့ ဂျင်း,စပါးလင် နိုင်နိုင်ထည့်မှ မညှီပဲ စားလို့ကောင်းပါတယ်။
- ရှောက်သီးက အသားတင်းစေရန်နဲ့ အအီပြေစေရန် ထည့်ရပါတယ်။
- ရှောက်သီး မရှိရင် ရှာလကာရည် ထည့်လည်း ရပါတယ်။
- ချိုမြမြ အရသာ ရရှိစေဖို့ နဲ့ အရောင်လှစေဖို့ အတွက် ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပေးရပါတယ်။
-ကြက်သွန်ဖြူခွဲခြမ်းလေးတွေကတော့ ကြိုက်လို့ ထည့်တာပါ။ ခွဲခြမ်းအစား ခပ်ကြမ်းကြမ်း ထောင်းပြီး ဂျင်းနဲ့ အတူထည့်ပေါင်းရင်လည်း ရပါတယ်။
- ဟင်းအိုးကို လုံးဝ မမွှေရပါ။ မီးအေးအေးနဲ့တည်ပြီး အိုးကို အသာအယာ ဝိုက်ဝိုက်ပြီး လှုပ်ပေးပါ။ နူးချင်ဇောနဲ့ မီးပြင်း မတိုက်ရပါဘူး။ မီးအားအနေတော်နဲ့သာ ပေါင်းပေးရပါမယ်။ မီးအားအနေတော်နဲ့ ၆ နာရီခန့် ပေါင်းပေးရပါမယ်။
- အိုးချခါနီးရင် ရေကျန်နေချိန်မှာ အရသာမြည်းကြည့်ပီး အချို,အငံ အရသာ ချိန်ဆပါ။ အီနေရင်တော့ ရှောက်သီး ထပ်ညှစ်ထည့်ပေးပါ။
- ဟင်းအနှစ် အနည်း အများအတွက် ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ကို မိမိ လိုသလောက် ချိန်ဆထည့်ပါ။

YOUTUBE ^
food

ငါးခေါင်းဟင်းရည်

ပါဝင်ပစ္စည်းများ
- ငါးခေါင်း
- ငရုပ်သီးအနီ ၃ ဇွန်း
- မြေပဲဆီ - ၂.၅ ဇွန်း       
- ကြက်သွန်ဖြူ ၁ လုံး     
- ကြက်သွန်ဖြူ ၅ မွှာ        
- ဂျင်း ၁ လက်မ အပိုင်းပိုင်း      
- နနွင်းမှုန့် - စားပွဲတင်ဇွန်း 14 ဇွန်း       
- စပါးလင် ၂ တောင့် (သို့) ၃ တောင့် (လှီးထားပါ)       
- သံပုရာသီး ၂ လုံး (လှီးထားပါ)       
- မျှင်ငါးပိ - စားပွဲတင်ဇွန်း 14 ဇွန်း       
- ဆား နှင့် ကြက်ပြုတ်ရည်       
- နံနံပင် သို့မဟုတ် ပင်စိမ်းရွက် 


ပြင်ဆင်ပြုလုပ်ပုံ
1. ငါးခေါင်းကို ဆေးကြောသန့်စင်ပါ။
2. ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ရောနယ်ပါ။
3. အိုးတစ်လုံးထဲတွင် ဆီအပူပေးပါ။
4. ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်ဖြူငါးပိနှင့် မျှင်ငပိတို့ကို ထည့်ပြီး မွှေပါ။
5. ငါးခေါင်းကို ထည့်ပြီး ရေကို လိုသလို လောင်းထည့်လိုက်ပါ။
6. လှီးထားသော စပါးလင်ထည့်ကာ ဆူအောင်တည်ပါ။
7. ဆား နှင့် ကြက်ပြုတ်ရည်များ ထည့်ပါ။
8. နံနံပင် သို့မဟုတ် ပင်စိမ်းရွက်အုပ်ပေးပြီးရင် အရသာရှိတဲ့ ငါးခေါင်းဟင်းရည် သုံးဆောင်နိုင်ပါပြီ။

YOUTUBE ^
food
food

ပုစွန်ဆီပြန်

ပါဝင်ပစ္စည်းများ
၁။ ခေါင်းမပါသောပုဇွန် - ၂၅ ကျပ်သား
၂။ ပုဇွန်ဆီ - ၅ ကျပ်သား
(ready made ကိုသုံးမယ်ဆိုရင် ထမင်းစားဇွန်း ၂ ဇွန်း)
၃။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၄။ ကြက်သွန်ဖြူ - ၂ တက်
၅။ ကြက်သွန်နီ - အသေး ၁ လုံး
၆။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
(ready made ပုဇွန်ဆီကိုသုံးမယ်ဆိုရင် ငံပြာ၇ည်မထည့်ပါနဲ့၊ အပေါ့အငံ မြည်းကြည့်ပြီးမှ ထည့်တာပိုကောင်းပါ တယ်။ တချို့ပုလင်းတွေက အငံပါပြီးသားမို့ပါ။)
၇။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တဝက်
၈။ ဆနွင်းမှုန့်- လက်ဖက်ရည်ဇွန်း တဝက်
၉။ ဟင်းချိုမှုန့်(သို့)သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း


ပြင်ဆင်ပြုလုပ်နည်း

၁။ ပုဇွန်ကိုအခွံချွတ် ကျောကိုဓါးနဲ့ခွဲပြီး သန့်စင် ထားပါ။ ထို့နောက် အရောင်တင်မှုန့်၊ဆနွင်း၊ ဟင်းချိုမှုန့်၊ ငံပြာရည်တို့ဖြင့်နယ်ထားပါ။ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။
၂။ ကြော်မည့် ဒယ်အိုး ကိုအပူပေးပြီး ပူလာလျှင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ်ပါ။ မွှေးလာလျှင် ပုဇွန်ဆီကိုထည့်လုံးပါ။ ၁ မိနစ်ခန့်လုံးပြီးနောက် ပုဇွန်များကို ထည့်ကြော်ပါ။ ၅ မိနစ်လောက်ကြော်ပြီးလျှင် အလွန် မွှေးပြီး အ၇သာရှိသော ပုဇွန်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

(:: = 1 ဇွန်း = 15ml)
(လက်ဖက်ရည်ဇွန်း =1 teaspoon = 5 ml)

YOUTUBE ^
food

ဘဲဥချဥ်ရည်ဟင်း

ပါဝင်ပစ္စည်းများ
- ဘဲဥ ၃ လုံး (ပြုတ်ပြီး ထက်ခြမ်းခြမ်းထားပါ)
- ကြက်သွန်နီ ၂ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၄ မွှာ (ထောင်းထားပါ)
- ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောချဥ်ပြုံးပြုံး   -လက်ဖက်ရည်ဇွန်းတစ်ဝက် 
(ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် 
လက်ဖက်ရည်ဇွန်း ၁ ဇွန်းသည်
မန်ကျည်းမှည့် ၂ ကျပ်ခွဲသားခန့်နှင့်ညီမျှပါသည်) - ဆီ ထမင်းစားဇွန်း ၄ ဇွန်း - ရေ ၂၅၀ မီလီလီတာ


ချက်ပြုတ်ပြင်ဆင်ပုံ
- အိုးထဲကိုဆီထည့်ပြီး ဆီပူလာတဲ့အခါ အရောင်တင်မှုန့်နဲ့နနွင်းမှုန့်ကို ထည့်ပြီး အနည်းငယ်မွှေပါ။
- ပြီးရင်တော့ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။
- ဘဲဥလေးတွေထည့်ကာ ခပ်ဖွဖွမွှေပါ။
- ပြီးရင်တော့ရေထည့်ကာအဖုံးလေးအုပ်ပေးပါ။ ရေဆူလာချိန်မှာ ခနောကြက်သားမှုန့်နဲ့မန်ကျည်းအရသာမှုန့်ကိုထည့်ပြီး ခပ်ဖွဖွထပ်မွှေပေးပါ။
- ၃ မိနစ်ခန့်အကြာမှာ ဟင်းအနှစ်ပျစ်ပျစ်လေးဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပြီး ဘဲဥထဲလည်းအရသာဝင်သွားပါလိမ့်မယ်။
- ထမင်း ဒါမှမဟုတ် ကစီဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ ဘဲဥချဥ်ရည်ဟင်းလေးကို တွဲဖက်သုံးဆောင်နိုင်ပါတယ်။

YOUTUBE ^
food
food

အာလူးမဆလာနှပ်

ပါဝင်ပစ္စည်းများ 
    - အာလူး
    - မဆလာ
    - ဒိန်ချဉ်
    - ငရုတ်သီးနီ
    - အရောင်တင်မှုန့်
    - နနွင်း 
    - ဆား
    - ငါးပိ
    - အရာသာမှုန့်
    - ကြက်သွန်နီ/ဖြူ
    - ဂျင်း
    - ကရေဝေး
    - ပျဉ်းတော်သိမ် 
    - ဖာလာ
    - ဇီယာ


ပြုလုပ်နည်း
- အာလူးအရောင်တင်မှူန့်ဖြင့်နယ်ပါ။
- ကြက်သွန်နီ /ဖြူ ၊ဂျင်း ထောင်းပါမယ်။
- ဆီထည့်ပီး နှယ်ပါမယ် ၁၅မိနှစ် နှပ်ထားပါမယ်။
- ကရေဝေး၊ပျဉ်းတော်သိမ်၊ဖာလာ၊ဇီယာ၊ကြက်သွန်နီ တစ်ခါတည်းဆီသပ်ပါမယ်။
- အနံ့လေး မွှေးလာပီဆိုရင် လုံးထားတဲ့ အာလူးထည့်ပါမယ်။
- မဆလာ အရောင်တင်မှုန့် အနည်းငယ် ထပ်ထည့်ပါမယ်။
- အနှစ်များများ ကြိုက်တဲ့သူတွေအတွက် ကြက်သွန်များများထည့်ပေးပါ။
- အာလူးအရောင်ပြောင်းတဲ့ထိ အဖုံးဖုံးပြီးတည်ထားပါမယ်။
- အရောင်ပြောင်းပြီဆိုရင် ဒိန်ချဉ် ကိုယ်လိုသလောက်ထည့်ပါမယ်။
- ရေနွေးလေးအနည်းငယ်ထည့်ပြီး ချက်ထားလိုက်လို့ရပါပြီ။

အရသာရှိတဲ့ အာလူးမဆလာချက်လေးရပါပြီ။

YOUTUBE ^
food

ပဲကုလားဟင်း

ပါဝင်ပစ္စည်းများ
- ပဲစင်းငုံ - ၁၀ ကျပ်သား
- ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
- ဒန့်သလွန်သီး - ၄ တောင့်
- ကြက်သွန်ဖြူ/နီ - ၂ လုံး
- မုန်လာဥဖြူ - ၁၀ ကျပ်သား
- အာလူး - ၁၅ ကျပ်သား
- ဘူးသီး - တစ်စိပ်
- ပဲသီး - ၁၅ ကျပ်သား
- ဂေါ်ရခါးသီး - ၁ လုံး
- မန်ကျည်းမှည့် - အနည်းငယ်
- ဆား - အနည်းငယ်
- ဟင်းခတ်မှုန့် - အနည်းငယ်
- ငရုတ်သီးခွဲခြမ်း - အနည်းငယ်
- ဆီသတ်ရွက် - အနည်းငယ်


ပြင်ဆင်ပြုလုပ်နည်း
- ပဲစင်းငုံကို ရေဆေးပြီး ရေစိမ်ထားလိုက်ပါ။ ပြီး လျှင် နူးသွားအောင် ပေါင်းအိုးနှင့် ပေါင်းပြီး သတ်သတ်ဖယ်ထားပါ။ အထက်ပါ အသီးအနှံများ ကို အခွံနွှာ၍ သင်ထားပါ။ ပထမဆုံး အိုးထဲသို ဆီထည့်ပြီး ပူလာလျှင် ကြက်သွန်ဖြူ/နီကို ဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီး ခွဲခြမ်းထည့်ပါ။
- အရောင်လေးရဲလာပြီး အနံ့လေးမွှေးလာရင် အိုးထဲ က ခဏဖယ်ထားပါ။ အိုးထဲမှာ ဆီသတ်ပြီး ကျန် တဲ့ထဲကို ပြုတ်ထားတဲ့ ပဲကို ထည့်ပါ။ အရင်ဆုံး မာ ပြီး မကျက်နိုင်မည့် မုန်လာဥဖြူ၊ ဒန့်သလွန်သီး၊ ဂေါ်ရခါးသီး၊ အာလူးနဲ့ ခရမ်းသီးများကို ထည့်ပါ။ ပြီးလျှင် ရေနည်းနည်းထည့်ပြီး အုပ်ထားပါ။
- နူးလောက်ပြီဆိုရင် နူးလွယ်တဲ့ ပဲသီး၊ ဂေါ်ဖီ၊ ရုံးပ တေသီး၊ ဘူးသီးများကို ထည့်ပြီး မန်ကျည်းရည် ထည့်ပါ။ ပြီးလျှင် သတ်သတ်ဖယ်ထားသော ကြက်သွန်နှစ်များကို ထည့်အုပ်ပါ။ ချခါနီးမှာ မဆလာ၊ ငရုတ်သီးတောင့်ရှည်၊ ဟင်းခတ်မှုန့်များ ထည့်၍ အပေါ့ အငန် မြည်းပြီး သုံးဆောင်နိုင်ပါ ပြီ။

YOUTUBE ^
food
food

ကြက်ဟင်းခါးသီးကြော်

ပါဝင်ပစ္စည်းများ   
• ကြက်ဟင်းခါးသီး အလုံးသေး - ၂၀ (ထက်ခြမ်းခြမ်းထားပါ) 
• ကြက်သွန်နီ -၂ ဥ (ထောင်းထားပါ) 
• ကြက်သွန်ဖြူ - ၈ မွှာ (ထောင်းထားပါ) 
• ခရမ်းချဉ်သီး - ၃ လုံး (မထူမပါး လှီးထားပါ) 
• မျှင်ငပိ - ၁ ဇွန်း/ ထမင်းစားဇွန်း (အရည်ဖျော်ထားပါ) 
• ငရုတ်ကြမ်းမှုန့် - ၂ ဇွန်း (ထမင်းစားဇွန်း) 
• ဆီ - ၃ ဇွန်း (ထမင်းစားဇွန်း) 
• ဆနွင်း - အနည်းငယ်
• ဆား - အနည်းငယ်  
• ရေ - အနည်းငယ် 


ပြုလုပ်နည်း
- ကြက်ဟင်းခါးသီးကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်၍ ဆားနှင့်နယ်ပြီး အခါးရည်တွေ ညှစ်ထုတ်ပြီး ရေသေချာပြန်ဆေးပါ။
- ဒယ်အိုးထဲတွင် ကြက်ဟင်းခါသီး၊ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆနွင်း၊ ငရုတ်ကြမ်းမှုန့်၊ ပုဇွန်ခြောက်၊ ငပိ၊ ခရမ်းချဉ်သီး၊ ဆီ၊ ဆားတို့ ထည့်နယ်ပြီးလုံးပါ။
- မွှေးလာလျှင် ရေအနည်းငယ် ထည့်ပြီး မီးအေးအေးဖြင့် အုပ်ချက်ပါ။
- မိနစ် ၃၀ ခန့်တွင် နူးအိနေသော ကြက်ဟင်းခါးသီးချက်ကို အဆင်သင့်ဖြစ်ပါပြီ။
- အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။

YOUTUBE ^
Pyaung_Phuee_Kyaw

ပြောင်းဖူးကြော်

ပါဝင်ပစ္စည်းများ
- ပုစွန်ခြောက် စားပွဲတင်ဇွန်း ၄ ဇွန်း
- ပြောင်းဖူး ၂ ဖူး
- ကြက်သွန်မြိတ် ၄ ပင်
- သံလွင်ဆီ
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ


ချက်ပြုတ်ပြင်ဆင်ပုံ
- ပုစွန်ခြောက်များကို ပန်းကန်လုံးထဲ ထည့် ပါ။ ပုစွန်ခြောက်များ မြှုပ်သွားသည်အထိ ရေ ထည့်ကာ မိနစ် ၂ဝ ခန့် စိမ်ထားလိုက်ပါ။
- ပုစွန်ခြောက် ရေစိမ်ထားချိန်မှာ ပြောင်းဖူး‌ စေ့များ ခြွေထားပါ။ ကြက်သွန်မြိတ်ကိုတော့ ဖြူသောအစိတ်အပိုင်းသပ်သပ် စိမ်းသော အစိတ်အပိုင်းသပ်သပ်စီကို ပါးပါးလှီးထားပါ။
- ပုစွန်ခြောက်များ စိမ်ပြီးသွားတဲ့အခါမှာ တော့ ငရုတ်ဆုံထဲ ထည့်ထောင်းထားလိုက်ပါ။
- ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ ထည့်ပါ။ ဆီပူလာပါက ပုစွန်ခြောက်များထည့်ကာ မွှေ ပေးလိုက်ပါ။ ပုစွန်ခြောက်များ ပူသွားပြီဆိုရင် တော့ ငါးငံပြာရည် ၁ ဇွန်းထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြော်ငးထည့် ထားပါ။
- ထိုဒယ်အိုးထဲသို့ပင် ထောပတ် စားပွဲတင် ဇွန်း ၁ ဇွန်းထည့်ပါ။ ထောပတ်များ အရည်ပျော် သွားပါက ကြက်သွန်မြိတ်ရဲ့ဖြူတဲ့ အစိတ်အပိုင်းများထည့်ကာ အနံ့မွှေးလာသည် အထိ ဆီသတ်ပါ။ ထို့နောက် ပြောင်းဖူး၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။
- ပြောင်းဖူးများ ကျက်သွားပြီဆိုရင်တော့ ပုစွန်ခြောက်နှင့် ကြက်သွန်မြိတ်ရဲ့စိမ်းသော အစိတ်အပိုင်းများထည့်ကာ သမအောင် မွှေကြော်ပါ။
- အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာ တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ဒါဆိုရင်တော့ အရသာရှိတဲ့ ပြောင်းဖူးကြော်လေး ရရှိသွားပါပြီ။

YOUTUBE ^
Pyaung_Phuee_Kyaw
food

ပုစွန်ချဉ်ပေါင်ကြော်

ပါဝင်ပစ္စည်း
- ချဥ်ပေါင် (၂)စည်း
- ပုဇွန်
- ကြက်သွန်နီ(၂)လုံး
- မျှစ်
- ဆနွင်းမှုန့်
- ငရုတ်သီးမှုန့်
- ပုဇွန်ခြောက်
- ကြက်သွန်ဖြူ
- ငါးပိစိမ်းစား 


ပြုလုပ်နည်း
- ချဥ်ပေါင်ရွက်ကိုရေဆေး၍ ခြွေပါ။
- မီးဖိုတွင် ချဥ်ပေါင်ရွက်ထည့်၍ နူးအောင်ကြော်ပေးပါ။
- ကြက်သွန်နီပါးပါးလှီးပါ။
- မျှစ်များကို ခက်ရင်းဖြင့် ဖွပေးပါ။
- ဒယ်အိုးထဲကိုဆီထည့်၍ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ နနွင်းတို့ဖြင့် ဆီသတ်ပါ။
- ကြက်သွန်နွမ်းလျှင် ငရုတ်သီးမှုန့်ထည့်ပါ။
- ပုဇွန်ခြောက်၊ ငါးပိစိမ်းစားထည့်ပါ။
- ပုဇွန်နှင့် မျှစ်များကို ထည့်ကြော်ပါ။
- ချဥ်ပေါင်ထည့်ကြော်ပါ။
- ရည်အနည်းငယ်ထည့်၍ ကြော်ပြီးလျှင် ငရုတ်သီးစိမ်းများ ညှပ်ထည့်ပေးပါ။

အရသာရှိသော ပုဇွန်ချဥ်ပေါင်ကြော်လေးကို ရရှိပါပြီ။

YOUTUBE ^
Mho_KaZunn_Ywat_Kyaw

မှိုကန်စွန်းရွက်ကြော်

ပါဝင်ပစ္စည်းများ
- ကန်စွန်းရွက် ၃ စည်း (အရိုးရင့်တွေ ဖယ်၊ အရွက်သင်ထားပါ)
- ငရုတ်နီ ၂ တောင့် (အရှည်လိုက်ခွဲထားပါ)
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကောက်ရိုးမှို ၁၀ ကျပ်သား
- ဆီ ၆၀ ဂရမ်
- ကြက်သွန်ဖြူ ၂ မြွှာ (ဓါးပြားရိုက်ထားပါ)
- ခရုဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်


ချက်ပြုတ်ပြင်ဆင်ပုံ
- ပထမဆုံး ကန်စွန်းရွက်ကို အရိုးရင့်တွေဖယ်၊ အရွက်သင်ထားပါ။
- သင်ထားတဲ့ ကန်စွန်းရွက်တွေကို ဆားလေးတစ်ဇွန်းနဲ့ ရေအေးအေးနဲ့ ဆေးထားပြီး ရေစစ်ကာ ဆယ်ထားပါ။
- မီးဖိုပေါ် ဆီပူအောင် တည်ပြီး ကြက်သွန်ဖြူထည့်ကာ ၁၅ စက္ကန့်လောက် မွှေပေးပါ။ ပြီးရင်တော့ ကန်စွန်းရွက်နဲ့ မှိုထည့်ပြီး မွှေပေးပါ။
- ခနောကြက်သားမှုန့်ထည့်ပါ။ ခရုဆီထည့်ပြီး မွှေပါ။
- ကန်စွန်းရွက်အိလာချိန်မှ ငရုတ်နီတောင့်ခပ်ပါးပါးစောင်းလှီးထားတာ ထည့်ပြီး ရေစပ်စပ်ကျန်တဲ့အထိ ကြော်ပါ။
- ပြီးတာနဲ့ အိုးထဲက ချလိုက်ရင် ချဉ်စပ်စပ်လေးနဲ့ အရသာရှိတဲ့ မှိုကန်စွန်းချဉ်စပ်ကြော်လေးကို ထမင်း ဒါမှမဟုတ် ကစီဓာတ်ပါဝင်တဲ့ အစားအစာများနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

YOUTUBE ^
Mho_KaZunn_Ywat_Kyaw

ခရမ်းချဉ်သီးပန်ထွေဖျော်
(ခရမ်းချဥ်သီးထောင်း)

ပါဝင်ပစ္စည်းများ 
- ခရမ်းချဥ်သီး 
- ငရုတ်သီးစိမ်းအညှာခြွေ
- ကြက်သွန်ဖြူ 
- ငါးပိ 


ပြုလုပ်နည်း
- ခရမ်းချဥ်သီးကို မီးဖုတ်ပါ။
- ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကို ရေဆေး၍ မီးကင်ပါ။
- ငါးပိအနည်းငယ် မီးကင်ပါ။
- ခရမ်းချဥ်သီး ကို အခွံနွှာပါ။
- ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတွေကိုကြိတ်စက်ထဲ ဆားထည့်ပြီး ကြိတ်ပါ။
(ငရုတ်ဆုံဖြင့်ထောင်းနိုင်သည်။)
- ခရမ်းချဥ်သီးလေးတွေကို ဇွန်းလေးနဲ့ခြေပီးဖျော်ပါ။
- ဖျော်ထားသော ရမ်းချည်သီးထဲကို ထောင်းထာသော ကြက်သွန်ဖြူငရုတ်သီးများကို ထည့်၍ မွှေပါ။

နံနံပင် ပါးပါးလှီးပြီး ကိုယ်ကြိုက်တဲ့ အသီးနှံတွေနဲ့ တွဲစားလို့ရပါပြီ။

YOUTUBE ^
Kha_Yan_Chin_Thee_NgaPi_Chat

ခရမ်းချဉ်သီးငါးပိချက်

ရွှေမြန်မာတို့ရဲ့လက်စွဲ ထမင်းဝိုင်းတွေမှာ မပါမဖြစ် ခရမ်းချဉ်သီး၊ ငါးပိတို့ကို အဓိကအသုံးပြုထားတဲ့ ခရမ်းချဉ်သီးငါးပိချက်ပဲဖြစ်ပါတယ်။


ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီး မှည့်မှည့် - ပြုတ်ပြီးအသားနွှင်ထား သော ငါးကြင်း - ကြက်သွန်နီ ၊ ကြက်သွန်ဖြူ
( ပါးပါးလှီး ပြီး ဆားလေးနည်းနည်းနဲ့ နယ်ထားပါ ) - မျှင်ငါးပိ နည်းနည်း ( ရေပျစ်ပျစ်ဖျော် ထားပါ ) - မြေပဲလှော် ( မညက်တညက်ထောင်းပါ ) - ပဲပုပ် ( မီးကင်ပြီး ညက်ညက်လေး ထောင်းထားပါ ) - ငြုပ်ခွဲကြမ်း - ငြုပ်စိမ်းတောင့် - နံနံပင် - ပင်စိမ်း - ဆီ - နနွင်း - ထန်းလျက် - ၁ ခဲ


ချက်ပြုတ်ပြင်ဆင်ပုံ
- အိုးထဲ ဆီ၂ ဇွန်းလောက်ထည့်ပြီး ပူလာ ရင် ကြက်သွန်ကို နနွင်းလေး အနည်းငယ် ထည့်ပြီး ဆီသတ်ပါ ။
- နွှင်ထားသောငါး (သို့) ပုစွန်ခြောက်မှုန့် ထည့် ၊ ရေလေး နဲနဲထည့် ၊ မွှေးလာရင် ငါးပိဖျော် ထည့်ပါ ။
- ပြီးလျှင် ခရမ်းချဉ်သီး ထည့် ၊ ငြုပ်ခွဲ ကြမ်းထည့် ကြေနေအောင် မီးအေးအေးနဲ့ ချက်ပါ ။
- သတ်သတ်လွတ် စားမယ်ဆိုရင် ပဲပုပ်မှုန့် နဲ့ မြေပဲ ထည့်ပါ ။ အရည်နှင့် စားချင်လျှင် ရေနွေးထပ်ထည့်ပါ ။ ပျစ် ပျစ်လေး စားချင်ရင်တော့ မထည့်ပါနှင့် ။
- အရသာအတွက် ဆား ၊ ထန်းလျက်လေး ၁ ခဲလောက်ထည့် ၊ မိမိစိတ်ကြိုက် အပေါ့ အငံ အပျစ်အကျဲ ဖြစ်ပြီဆိုရင် ငြုပ်စိမ်း ၊ နံနံပင် ၊ ပင်စိမ်းလေးအုပ်ကာ အိုကေပြီ ။

YOUTUBE ^
Kha_Yan_Chin_Thee_NgaPi_Chat
food

ခရမ်းသီးမီးဖုတ်သုပ်

ပါဝင်ပစ္စည်းများ
- ခရမ်းသီး
- ကြက်သွန်နီ
- ငရုတ်သီးစိမ်း
- နှမ်း
- ကြက်သွန်ဖြူကြော်
- အချိုမှုန့် ၊ ဆား
- ဆီ


ချက်ပြုတ်ပြင်ဆင်ပုံ

- လိုအပ်သောပမာဏအလိုက် ခရမ်းသီးအား မီးဖုတ်ပါ။
- အခွံများ ပေါက်ပြဲလာကာ အနံ့ထွက်လာလျှင် အအေးခံပါ။ ထို့နောက် ခရမ်းသီးမီးဖုတ်အား ချေပါ။
- ကြက်သွန်နီ၊ ငရုတ်သီးစိမ်း တို့အား ပါးပါးလှီးပါ။
- သင့်တော်သည့်ပန်းကန်ထဲသို့ ချေထားသော ခရမ်းသီးမီးဖုတ်၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း တို့အားထည့်ပါ။
- ထို့နောက် နှမ်းနှင့် ကြက်သွန်ဖြူကြော်တို့အား လိုအပ်သလောက်ထည့်ပါ။
- အချိုမှုန့်၊ ဆား နှင့် ဆီစိမ်း (သို့မဟုတ်) ဆီချက်အား ထည့်ကာ နှံ့အောင်နယ်ပါ။ (ကြက်သွန်ဖြူကြော်၊ နှမ်းတို့အား မထည့်လျှင်လည်း အဆင်ပြေပါသည်။ သတ်သတ်လွတ်သမားများ စားသုံးနိုင်သော အစားအစာဖြစ်ပါသည်။ )

YOUTUBE ^
food

လက်ဖက်သုပ်

ပါဝင်ပစ္စည်းများ
-လက်ဖက်
-နှစ်ပြန်ကြော်
-ခရမ်းချဉ်သီး
-ဂေါ်ဖီ
-ငရုတ်သီးစိမ်း
-ကြက်သွန်ဖြူ
-သံပုရာသီး
-ပုဇွန်ခြောက်


ပြင်ဆင်ပုံ
- ပထမဆုံး ခရမ်းချဉ်သီး ၊ ဂေါ်ဖီနဲ့ ငရုတ်သီးစိမ်းတို့ကို ရေနဲ့ စင်အောင်ဆေးပါ။
- ပါးပါးလေးညှပ်ပါ ။ ဂေါ်ဖီပါးပါးလေးလှီးပါ။
- လက်ဖက်နဲ့ နှစ်ပြန်ကြော်ကို ပန်းကန်ထဲ စားလိုသလောက် အသင့်ထည့်ပါ။
- ဆီအနည်းငယ်ထည့် ၊ ငံပြာရည်ထည့် ပြီး အချဉ်ကြိုက်တဲ့သူတွေအတွက် သံပုရာသီးကို ညှစ်ထည့်ပြီးရင်တော့ သမအောင် နယ်လို့ရပါပြီ။
- အစပ်ကြိုက်တဲ့ သူတွေအတွက် ငရုတ်သီးစိမ်းကို ညှပ်ထည့်ပြီး သုပ်စားနိုင်ပါတယ်။

YOUTUBE ^
food
food

မုန်လာဥနီသုပ်


ပါဝင်ပစ္စည်းများ

- မုန်လာဥနီ - ၂ ခုစာ
- ပုဇွန်ခြောက်မှုန့်- ထမင်းစားဇွန်း ၂ ဇွန်း
- ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း ၂ ဇွန်း
- မြေပဲထောင်း - ထမင်းစားဇွန်း ၂ ဇွန်း
- ပဲမှုန့်အကျက် - ထမင်းစားဇွန်း ၁ ဇွန်း
- ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သံပုရာသီး - တစိတ် (သို့) ၂ စိတ်


ပြင်ဆင်ပြုလုပ်နည်း
- ပထမဦးစွာ မုလာဥနီကို ဆေးကြောသန့်စင်၍ ခြစ်ကိုအသုံးပြုကာ သေးသေးလေးများဖြစ်အောင် ခြစ်၍ထားပါ။
- ထို့နောက် မုန်လာဥနီသုပ်ရန်အတွက် လိုအပ်သော မြေပဲကို ထောင်း၍ထားပါ။
- ထို့နောက် ကြက်သွန်နီ၊ အဖြူ နှင့် နနွင်းတို့ကို အသုံးပြုက ဆီချက်ချက်ထားပေးရန်လိုအပ်ပါသည်။
- အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ခြစ်ထားသော မုန်လာဥနီကို ဇလုံထဲတွင်ထည့်ပါ။
- ပထမဦးစွာ ထောင်း၍ထား သော မြေပဲအမှုန့်များကို ထမင်စားဇွန်းဖြင့် ၂ ဇွန်းခန့်မျှထည့်ပါ။
- အရသာပိုကောင်းစေရန် ပုဇွန်ခြောက်မှုန့်ကို အသုံးပြုမည်ဖြစ်ပြီး ထမင်စားဇွန်း ၂ ဇွန်း သို့မဟုတ် ၂ ဇွန်းထက်လည်း ပိုထည့်နိုင်ပါသည်။
-ထို့နောက်တွင် ပဲမှုန့်အကျက် မုန်လာဥနီသုပ်အား ထွေးထွေးလေးဖြစ်နေစေချင်သည့် အတိုင်းအားပေါ်မူတည်၍ ထမင်စားဇွန်း ၁ ဇွန်းခန့် သို့မဟုတ် လျှော့၍လည်းထည့်နိုင်သည်။
- ထို့နောက် ငံပြာရည်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ထည့်ပါ။
- ငရုတ်သီးအစပ်ကိုမူ လိုအပ်သလို ချိန်ဆ၍ မိမိစိတ်ကြိုက်ထည့်နိုင်ပါသည်။
- ထို့သို့ထည့်ပြီးလျှင် အားလုံးကို ရောသမအောင်မွှေကာ နယ်လိုက်မည်ဆိုလျှင် ကျန်မာရေးနဲ့ညီညွှတ်တဲ့ မုန်လာဥနီသုပ်ကို ရရှိပြီဖြစ်ပါသည်။
- မုန်လာဥနီသုပ်တွင် အချဉ်ကြိုက်ပါက သံပုရာရည်ကိုလည်း ထည့်နိုင်ပါသည်။

YOUTUBE ^
food

မြင်းခွာရွက်သုပ်

ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ...၅ မြွာ
ကြက်သွန်နီ.....၂ လုံး
ငရုတ်သီးစိမ်း..၄ တောင့်
ရှာလကာရည်..လက်ဖက်ဇွန်း ၃ ဇွန်း
ပုဇွန်ခြောက်....ဟင်းရည်သောက်ဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီး...အသေး ၂ လုံး
မြေပဲလှော်ထောင်း..ဟင်းရည်သောက်ဇွန်း ၅ ဇွန်း
ဆား.............. အနည်းငယ်
ဟင်းချိုမှုန့်..... အနည်းငယ်


ပြင်ဆင်ပြုလုပ်နည်း
မြင်းခွာရွက်ကို ရေစင်အောင်ဆေးပါ။ပြီးလျှင် ကတ်ကြေးနဲ့ညှပ်ဖြတ်ပြီး အသင့်ပြင်ထားတဲ့ ဆား၊ဟင်းချိုမှုန့်၊ကြက်သွန်နီ၊ဖြူ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊ပုဇွန်ခြောက်၊ရှာလကာရည်၊မြေပဲလှော်ထောင်းတို့ကိုထည့်ပြီးနှဲလိုက်ရုံနဲ့လတ်လတ်ဆတ်ဆတ်စားချင်စဖွယ်မြင်းခွာရွက်သုပ်လေးရမှာပါရှင်..

YOUTUBE ^
food
Him_Htoke

ဟင်းထုပ်

ပါဝင်ပစ္စည်းများ     
- ကြက်သား (သို့) ဝက်သား
- ကြက်သွန်မြိတ်များများ
- ဆန်မှုန့်
- ကော်မှုန့်အနည်းငယ်
- ချင်း (ဂျင်း) အနည်းငယ်
- ကြက်သွန်ဖြူ အနည်းငယ်
- ဆား
- ဟင်းခတ်မှုန့်၊ နနွင်းမှုန့်အနည်းငယ်
- ဆီများများ
- ငှက်ပျောဖတ်


တွဲစားရန်
- ကြက်သွန်ဖြူ ဆီချက်
- ငရုတ်သီးကြော်
- ဂျုးမြစ်

ပြင်ဆင်ပြုလုပ်နည်း
- ကြက်သားကိုနုပ်နုပ်စင်းပြီး အရသာမှုန့်ဖြင့်နယ်ထားပေးပါ။
- ကြက်သွန်မြိတ်ပါးပါးလှီးထားပေးပါ။
- အရည်စပ်မယ့် ဇလုံထဲသို့ ဆန်မှုန့် တစ်ထုပ် ရဲ့ တစ်ဝက်တိတိ ဖောက်ထည့်ပါ။ ဆီထမင်းစားနှစ်ဇွန်းထည့်ပါ။ ဆန်မှုန့်နှစ်စဆိုရင် ကောက်ညှင်းမှုန့်တစ်စရောထည့်ပေးပါ။
- ကြက်သွန်မြိတ် နှင့် အရသာမှုန့်ထည့်ပါ။
- ရေအနည်းငယ်ထည့်ပြီးဖျော်ပါ။ အရည်အရမ်းကျဲတောက်နေအောင်မဖျော်ရပါဘူး။ ပျစ်ထွေးနေအောင်ဖျော်ဖို့လည်းမလိုပါဘူး။
- အနေတော်အနေထားရပြီဆို ရေထည့်တာလုံလောက်ပါပြီ။
- ပြီးမှ နုပ်နုပ်စင်းထားသောအသားထည့်ပြီး ထပ်မွှေပါ။ ပြီးရင် ဌက်ပျော်ရွက်နဲ့ ဖက်ထုပ် ထုပ်ပေးပါ။
- ထမင်းပေါင်းအိုးဖြင့် မိနစ်၅၀ခန့်ပေါင်းပေးပါ။
- တွဲဖက်စားသောက်ဖို့ ငရုတ်သီးကြော် ဂျူးမြစ် ကြက်သွန်ဖြူဆီချက် ပြင်ဆင်ပေးထားပါ။
- နှစ်သက်ရာအသားဖြင့် အသုံးပြုနိုင်ပါတယ်။

YOUTUBE ^
food

တိုဟူးနွေး

ပါဝင်ပစ္စည်းများ
- ပဲမှုန့် (၁၅၀ ဂရမ်)
- ဆား
- နနွင်းမှုန့်
- သကြား
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ငရုတ်သီးမှုန့်
- အသား (သို့မဟုတ်) ငါး
- နံနံပင်
- ကြက်သွန်မြိတ်
- မြေပဲထောင်း
- နှမ်း
- ပဲငံပြာရည်အကြည်
- ကြာညို့


တွဲစားရန်

- ဆန်စီး
- အီကြာကွေး
- ရှမ်းခေါက်ဆွဲ

ပြင်ဆင်ပြုလုပ်နည်း

- တို့ဟူးနွေးအမှုန့် ( 150g ) ကို အမှုန့် ၁-ဆ ရေ ၁ - ဆ ဖြင့်ရောပြီး ဆား ၊နနွင်းမှုန့်၊ သကြား အနည်းငယ်တို့ဖြင့် ထည့်ဖျော်ပါ။
- ဆီပူပူထဲသို့ ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုပ်သီးမှုန့် နှင့် မိမိကြိုက်နှစ်သက်ရာ အသား / ငါး ထည့်၍ ဆီသတ်ပါ ။
- သတ်သတ်လွတ်သမားများအတွက် (အသား / ငါး ) အစား အသားတု ၊ မှိုပွင့်၊ ပဲညှပ်၊ ကြက်တောင်ပံအသားတု နှင့် (ပဲပြားကို အတုံးလေးလှီး၍ကြော်)ကာလည်း ဆီသတ်နိုင်ပါသည်။
- အိုးထဲသို့ ရေ ( ၁ လီတာ ) ထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလျှင် မီးအရှိန်လျှော့ပြီး ဖျော်ထားသော တို့ဟူးနွေးအရည်ကို ပဲစိမ်းနံ့ပျောက်သည်အထိ အဆက်မပြတ်မွှေ၍ကျိုပါ။ မပျစ်မကျဲအနေအထားရသည်အထိ မီးနွေးနွေးဖြင့် တည်ပြီးမွှေပါ။
- ပြီးလျှင် ရေနွေးပွက်ပွက်ဆူ သည့်အိုး အထဲသို့ ခဏထည့်ပြုတ်ပါ။
- ပြုတ်ထားသော ဆန်စီးခေါက်ဆွဲပေါ်သို့ တို့ဟူးနွေးလောင်းထည့်ပါ။
- နံနံပင် ၊ ကြက်သွန်မြိတ်၊ မြေပဲထောင်း၊ နှမ်း၊ ပဲငံပြာရည်အကြည်၊( ကြာညို့)နှင့် ဆီသတ်ထားသောဟင်းအနှစ်တို့ကို ထည့်၍ သုံးဆောင်နိုင်ပါသည်။

YOUTUBE ^
food
food

ခေါပုတ်

ပါဝင်ပစ္စည်းများ
-ငချိတ်ဆန် - ၃ ခွက်
-ကောင်းညှင်းဆန် - ၁ ခွက်
-ရေ
-နှမ်းလှော် - ထောင်း/ကြိတ်
-ဆား - စာပွဲတင်းဇွန်း ၂ ဇွန်း
-ဆီ - စာပွဲတင်ဇွန်း ၂ ဇွန်း


ပြင်ဆင်ပြုလုပ်နည်း
-ငချိတ်ဆန် နှင့် ကောက်ညှင်းဆန်ကို ရောထည့်ပါ၊
-ထို့နောက်တွင် ရေကိုဆန်ပမဏအပေါ်မူတည်၍ အချိုးကျ ထည့်ပြီးနောက် စတင်ကာချက်ပြုတ်ပေးရမည်။
-ကျက်သွားပြီဆိုလျှင် ၁၀ မိနစ်ခန့်မျှ နှပ်ထားပြီးနောက် ထောင်းထားသည့် နှမ်းလှော်နှင့်အတူ ဆားကိုထည့်၍ သမအောင်မွှေပေးရမည်။
-ထိုနောက်တွင် ရောသမျှမွှေထားသည်များကို ကြိတ်စက်ဖြင့် ကြိတ်ပေးရမည်။ ထိုသို့ကြိတ်ရာတွင် ကြေညက် သွားအောင်ကြိတ်ရန်မလိုပါ။
-၈၀ ရာခိုင်နှုန်းခန့်သာ ကြေအောင်ကြိတ်ပေးရမည်။ ကြိတ်ရာတွင် ကောက်ညှင်း သည် အလွန်စေးကပ်သောကြောင့် ဇွန်းကိုဆီသုတ်၍ ကြိတ်ပြီးသည်များကို စက်ထဲမှာထုတ်ကာ microwave ထဲတွင် ၈ မိနစ်ခန့်မျှ အပူးပေးပါ။
-ထို့သို့အပူပေးပြီးရင် ဆီကို ထမင်းစားဇွန်း ၇ ဇွန်းထည့်၍ မွှေပေးပါ။
-ထို့နောက် microwave ထဲကို နောက်ထပ် ၃ မိနစ်ခန့် ထပ်၍အပူပေးပါ၊ ထို့နောက် ထပ်မံမွှေပြီးလျှင် အခြောက်ခံပါ။
-ကောင်ညှင်းထမင်းသည် မာလာပါက နောက်ထပ် ၇ မိနစ်ခန့် microwave တွင်အပူပေးပါ။
-အပူပေး၍ အတော်လေးမာပြီဆိုလျှင် ထုတ်ကာ ဆီသုတ်ထားသော အိုးထဲသို့ပြောင်းထည့်ပြီးနောက် ၃ နာရီခန့်ကြာအောင် အအေးခံပေးပါ။
-ပြီးလျှင် ခေါပုတ်ကို ရရှိပြီဖြစ်ပါသည်။
-ခေါပုတ်ကိုကြော်ရာတွင် ဆီများများသုံးကာ မီးကိုအေးအေးဖြင့်လည်း ကြော်စားနိုင်သလို ကင်၍စားသုံးမည်ဆို လည်းပဲ သင့်တော်ပါသည်။

စာကြွင်း - ခေါပုတ်ပြုလုပ်ရာတွင် 1000 W Microwave ကို အသုံးပြုထားပြီး ကိုယ်တိုင်လုပ်စားချိန်တွင် ထည့်ထားသော ရေပမာဏအပေါ်မူတည်၍ အပူပေးချိန်ကွာခြားမှုရှိပါသည်။

YOUTUBE ^
Ngar_Hta_Min_Nal

ငါးထမင်းနယ်

ပါဝင်ပစ္စည်းများ
ရှမ်းဆန်၊ ငါးရံ့၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးခြောက်၊ ကြာဇံအကြွပ်ကြော်၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ငှက်ပျောဖက်၊ ဆီ၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့်။

ပြင်ဆင်ပြုလုပ်နည်း
၁။ ပထမဦးဆုံး ရှမ်းဆန်ကို ရေဆေးပြီး ပေါင်းအိုးနှင့် ချက်ထားပါ။ ပြီးလျှင် ထမင်းကို အအေးခံထားပါ။

၂။ ငါးကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့ ထည့်ပြုတ်ပြီး ကျက်ပြီဆိုရင် အအေးခံ၍ အရိုးနွှင်ထားပါ။
၃။ ခရမ်းချဉ်သီးကို ဆီမထည့်ဘဲ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆားတို့ ထည့်ပြီးမွှေထားပါ။
၄။ ကြက်သွန်ဖြူကို အခွံခွာပြီး ညက်အောင်ထောင်းထားပါ။
၅။ ဆီ၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ထားပါ။
၆။ ဆန်ကြာဇံ၊ ငရုတ်သီးခြောက်အတောင့်ကို ဆီထည့်ကြော်ပြီး ဆီစစ်ပေးထားပါ။
၇။ ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။
၈။ ဂျူးမြစ်ကိုလည်း ရေစင်စင်ဆေးပြီး ထက်ပိုင်းပိုင်းဖြတ်ထားပါ။
၉။ နောက်ဆုံးမှ ချက်ထားတဲ့ ရှမ်းဆန်ထမင်းကို ခရမ်းချဉ်သီးအနှစ်၊ ငါး၊ ဆီချက်၊ ဟင်းခတ်မှုန့်၊ ဆား ထည့်ပြီးနောက် စေးပိုင်နေအောင် နယ်ပြီး အလုံးသေးသေးလေးတွေ လုံးထားပါ။
၁၀။ စားခါနီးတွင် ပန်းကန်ထဲ ငှက်ပျောဖက်ခင်းပြီး ငါးထမင်းလုံးကို ပြားပြား ပါးပါးလေးဖြစ်အောင် ဖြန့်၍ နွှင်ထားတဲ့ ငါး၊ ဆီချက်၊ ကြာဇံအကြွပ်ကြော်၊ ကြက်သွန်မိတ်တို့ကို အပေါ်မှ ဖြူးလိုက်ပါ။
၁၁။ ငါးထမင်းနှင့် တွဲဖက်စားရန် ဂျူးမြစ်၊ မြေပဲ၊ ငရုပ်သီးခြောက် ကြော်တို့နဲ့ မြိန်ယှက်စွာ အရသာ ရှိရှိ သုံးဆောင်နိုင်ပါပြီ။

YOUTUBE ^
Ngar_Hta_Min_Nal
Arr_Lu_Hta_Min_Nal

အာလူးထမင်းနယ်

ပါဝင်ပစ္စည်းများ
ရှမ်းဆန်၊ အာလူး၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးခြောက်၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်။

ပြင်ဆင်ပြုလုပ်နည်း
၁။ ရှမ်းဆန်ကို ရေဆေးပြီး ပေါင်းအိုးဖြင့် တည်ထားပါ။

၂။ ကျက်ပြီဆိုရင် ထမင်းကို အအေးခံထားပါ။
၃။ ခရမ်းချဉ်သီးနှစ်လုံးကို ထမင်းအိုးထဲ ထည့်ပြုတ်ထားပြီး ထမင်းကျက်ပါက ခရမ်းချဉ်သီးကို ထုတ်ပါ။
၄။ ဓါးနှင့် တောက်တောက်စင်းပြီး ဒယ်အိုးထဲ ဆီမထည့်ဘဲ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ရေထည့်ပြီး ခရမ်းချဉ်သီးချက် အရည်ကျဲကျဲ ချက်ထားပါ။
၅။ အာလူးကို နူးအိအောင် ပြုတ်ပါ။ အခွံခွာပြီး ကျေအောင် ချေထားပါ။
၆။ ကြက်သွန်ဖြူ တစ်လုံးကိုထောင်း နနွင်းမှုန့်နဲ့ ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး ဆီများများနှင့် အရောင်လှအောင် ဆီသတ်ထားပါ။
၇။ ငရုတ်သီးခြောက်တောင့်ကို ဆီပေါ်ကြော်ပြီး ဆီစစ်ထားပါ။
၈။ ကြက်သွန်မိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်မိတ်၊ ဂျူးမြစ်တို့ကို ရေစင်စင်ဆေးထားပါ။
၉။ ထမင်း၊ ခရမ်းချဉ်သီးအနှစ်၊ အာလူး၊ ဆီချက်၊ ဟင်းခတ်မှုန့်နဲ့ ဆားထည့်ကာ စေးပိုင်နေအောင် နယ်ပြီး အပေါ့၊ အငန်မြည်းပါ။
၁၀။ အားလူးထမင်းနယ် စားတော့မယ်ဆိုရင်တော့ ပန်းကန်ထဲကို အာလူးထမင်းထည့်၊ ခရမ်းချဉ်သီးချက်နဲ့ ဆီချက်ဆမ်းပြီး ပါးပါးလှီးထားသော ကြက်သွန်မိတ်ကို ဖြူးလိုက်ပါ။ ပြီးရင် ဂျူးမြစ်၊ ကြက်သွန်မိတ်၊ ငရုတ်သီးတောင့်ကြော်၊ ငါးမုန့်ကြော် တို့နဲ့ အာလူးထမင်းနယ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

YOUTUBE ^
Kyat_Thar_Tharku_lone

ကြက်သားသာကူလုံး

ပါဝင်ပစ္စည်းများ
- သာကူစေ့ (၂၀၀) ဂရမ်
- ရေနွေးပူပူ ခွက်တစ်ဝက်
- ဆားအနည်းငယ်
- ကော်မှုန့်အနည်းငယ်
- သာကူလုံးရန်ပါဝင်ပစ္စည်း
- ကြက်သား (သို) ဝက်သား  (၁၅၀) ဂရမ်ခန့်
  (တောက်တောက်စဉ်းလိုက်ပါ)
- ကြက်သွန်ဖြူ ၃မွှာ
- သကြားအနည်းငယ်
- ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း ၁ ဇွန်း
- မဆလာအနည်းငယ်
- ဆားအနည်းငယ်
- ဆီအနည်းငယ် 


ပြင်ဆင်ပြုလုပ်နည်း
၁။ သာကူစေ့တွေကို ရေခဏစိမ်ပြီး ရေစစ်ထားပါ။ ရေနွေးပူပူထဲကို ဆားထည့်ပြီး သာကူထဲ နည်းနည်းချင်းစီ လောင်းထည့်ပါ။ နှံ့သွား အောင် အသာနယ်ပါ။ ပြီးလျှင် ရေစိုအဝတ်ပါးဖြင့် နာရီဝက်ခန့်အုပ် ထားပါ။
၂။ ကြိတ်သားအတွက် ကြက်ရင်ပုံ တခြမ်း (သို့) ဝက်သားကို ပါးပါး လှီးပြီး တောက်တောက်စင်းပါ။ ကြိတ်သားကို သကြား အနည်းငယ်၊ ပဲငံပြာရည်အကျဲ၊ တရုတ်မဆလာ အနည်းငယ်၊ ဆား အနည်းငယ်တို့နှင့် ရောနယ်ပါ။
၃။ ထာပနာ(ဌာပနာ)အတွက် ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီ ဆူလာလျှင် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ ပြီးလျှင် အသားထည့် ပါ။ ခြောက်ခြောက်လေးဖြစ်တဲ့အထိ မွှေပေးပါ။
၄။ အသားတွေကို မြေပဲလှော်ထောင်းပြီးသားနှင့် ငရုတ်သီးစိမ်းလှီးပြီး သားတို့နှင့် ရောနယ်ပြီး အအေးခံထားပါ။ အေးပြီဆိုလျှင် အလုံးသေး သေးလေးတွေ လုံးထားပါ။
၅။ ငှက်ပျောရွက်ကို သန့်စင်ပြီး ဆီသုတ်လိမ်းထားပါ။
၆။ သာကူစေ့တွေကို လက်ဖြင့် အသာဖြစ်ကြည့်ပါ။ ရေခြောက်သွား လျှင် ရေအနည်းငယ် ထပ်ထည့်ပါ။ လုံးလို့ရပြီဆိုလျှင် ပီလောပီနံမှုန့်ကို ဘေးမှာ အနည်းငယ်ပုံထားပါ။
၇။ လက်ကို ပီလောပီနံမှုန့်အရင်သုတ်ပြီးမှ သာကူကို တလုံးစာ ယူပါ။ အပြားလေးဖြစ်အောင် လက်ဖြင့် အသာဖြန့်ပါ။ ပြီးလျှင် အသားလုံး ကို ထာပနာပြီး သာကူပြားဖြင့် အုပ်ပြီးလုံးပါ။ အသားလုံအောင် လုံးပါ။
၈။ နောက်တကြိမ်လုံးမည်ဆိုလျှင် လက်ကို ပီလောပီနံမှုန့်အရင်သုတ် ပါ။ ပြီးမှ သာကူကို တလုံးစာ ယူပါ။
၉။ လုံးပြီးသားတွေကို ငှက်ပျောရွက်ပေါ်တင်ပါ။ တလုံးနဲ့တလုံး မ ကပ်အောင် နေရာခြားပေးပါ။
၁၀။ ပြီးလျှင် ပေါင်းအိုးထဲထည့်ပြီး ၁၀မိနစ်ခန့်ပေါင်းပါ။ (အချိန် ကတော့ ပေါင်းအိုးပေါ်မူတည်ပြီး ကွဲပြားနိူင်ပါတယ်)
၁၁။ အရောင်ကြည်ကြည်အလုံးလေးတွေ ဖြစ်လာရင် ရပါပြီ။ လက် ကို ဆီအရင်သုတ်လိမ်းပြီးမှ သာကူလုံးတွေကို ကိုင်တွယ်ပါ။ ခဏ အအေးခံပြီး စားမယ့်ပန်းကန်ထဲကို ထည့်ပါ။
၁၂။ သာကူလုံးစီးစီးလေးကို ကြက်သွန်ဖြူဆီချက်၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ သုံးဆောင်လို့ရပါပြီ။

YOUTUBE ^
Kyat_Thar_Tharku_lone
food

ငါးနီတူလှော် ရခိုင်သုပ်

ပါဝင်ပစ္စည်း
- ငါးနီတူ (ကြိုတင်လှော်ပီး အေးမှလေလုံပုလင်းနဲ့သိမ်းထားလဲရသည်)
- မန်ကျည်းသီးအစိမ်းပြုပ် ဇကာတိုက်အနှစ်(အစိမ်းမရရင် အမှဲ့ထည့်လို့ရ)
- ရှောက်ရွက် (လှီး)
- ကြက်သွန်နီပါးပါး (လှီး)
- ငါးပိမီးဖုတ်
- ငြုပ်သီးစိမ်းမီးဖုတ်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆား
- အားလုံးရောထောင်း


ပြုလုပ်နည်း
ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး သုပ်ပါ။ ကြက်သွန်နီပါးပါးလှီး ရယ် ရှောက်ရွက်ရယ်ကလွဲ ကျန်တာ အကုန်ရောသုပ် သမပီဆိုမှ ကြက်သွန်နီပါးပါးလှီး အချို အငံမြည်းပြီးရင် သံပုရာသီး ညှစ်ထည့်ပါ။ နောက်ဆုံးမှ နံနံပင်လေး အုပ် ပေးလိုက်ပါ။ ရှောက်ရွက် ခပ်ဖွဖွရောနယ်ပီး အပေါ့အငံမြည်းပီးသုံးဆောင်လို့ရပါပြီ။ ငါးနီတူကို ရခိုင်ကျောက်ကျောနှင့်လဲရောစပ်သုပ်သည်။ ပါဝင်ပစ္စည်းကတော့အတူတူပါ။ မှတ်ချက် - ရခိုင်သုပ်တွင် ဆီချက်၊ ပဲမှုန့်လုံးဝမပါဝင်ပါ။

YOUTUBE ^
Mont_nyin_paung

ရှမ်းမုန်ညင်းပေါင်း

ပါဝင်ပစ္စည်းများ
- မုန်ညှင်းစိမ်း အဖူးအညွှန့်    - ၅ စည်း 
  (နုသောအပိုင်းများကိုသာ ရွေးချယ် သန့်စင်ထားရန်)
- ဆန်မှုန့်အစိမ်း                   - ၂ဝ ကျပ်သား
- ပဲမှုန့်အစိမ်း                      - အနည်းငယ်
- မြေပဲစိမ်း                         - ၁၀ ကျပ်သား 
  (အခွံကျွတ်ရုံ လှော်ပြီး လုံးချမ်းကွဲ ထောင်းထားရန်)
- ရှမ်းပဲပုတ်                        - ၂ ချပ် 
  (မီးကင်ပြီး မှုန့်နေ အောင် ထောင်းရန်)
- ချင်း+ကြက်သွန်ဖြူ          - အနည်းငယ် 
  (ရောပြီး ညှက်နေအောင် ထောင်းရန်)
- ခရမ်းချဉ်သီး              - ၃ လုံး (ပါးပါးလှီးထားရန်)


ပြင်ဆင်ပြုလုပ်နည်း
- သန့်စင်ထားသော မုန်ညှင်းတွေကို ရေစင်အောင် ဆေးပြီး စစ်ထားပါ။ တစ်ယောက်စာ အစည်းလေး များ လုပ်လိုက ဝါးနှီးလေးနှင့်ချည်နှောင်ပါ။
- ဇလုံတစ်ခု အတွင်းတွင် ဆန်မှုန့် ၊ ပဲမှုန့် ၊ ပဲပုပ်ထောင်း ၊ မြေပဲ ၊ ခရမ်းချဉ်သီး ၊ ဆား၊ ဟင်းခတ်မှုန့် အားလုံးနှင့် ရေ ကို(ပထမ) သင့်တော်ရုံ ထည့်ပြီး ရောနှယ် ပါ။
- မုန်ညှင်းစည်းများကို မုန့်နှစ်ရည်ထဲ ထည့်လူးကြည့်ပါ။ ပြည့်ဝစွာမဖုံးအုပ်မိပါက ရေအနည်းငယ်ထပ်ဖြည့်ပါ။ (မှတ်ချက် - တစ်ခါတရံ မုန်ညှင်း ရေစစ်တာမှာ ရေကျန်နေရင် မုန့်နှစ်ရည် ကျဲသွားတတ်သောကြောင့် ဖြစ်သည်။)
- မုန့်နှစ်ရည် ကောင်းမွန်စွာ လူးထားသော မုန်ညှင်း စည်းလေးများကို ပေါင်းချောင် အတွင်း သေချာစီ ထည့်ပါ ။ အငွေ့ ပြည့် ဝစွာ ရရှိရန် မုန်ညှင်းစည်းကြားတွေထဲမှာ အပေါက် ဖောက်ပေးပါ ။ အငွေ့လုံစေရန်အဖုံးကို သေချာစွာ ပိတ်ပြီး မိနစ်(၂၀) မှ ၂၅ မိနစ် အတွင်း ပေါင်းပါ။

*** သတိပြုရန် ပေါင်းတဲ့ နည်းလမ်းမှာ အငွေ့ ကောင်းမွန်စွာ ရဖို့ ပေါင်းအိုး အတွင်း အငွေ့လုံနေဖို့ အထူးအရေးကြီး ပါသည်။ ရလာသော မုန်ညှင်းပေါင်း စည်းလေး များကို ကပ်ကြေးနဲ့ ညှပ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက် နှစ်သက်ရာ အကြော်စုံတို့နဲ့ တွဲဖက် စား သုံးနိူင်ပါသည်။

YOUTUBE ^
Mont_nyin_paung
food

ဆန်ချိုအေး

ပါဝင်ပစ္စည်းများ
- ကောက်ညင်းဆန် -နိုဆီဘူး၂ဘူး
- ဆန်ချိုဆေးမှုန့် - ၁ဇွန်း (ဟင်းစားဇွန်း)
- သကြား ၂၅ကျပ်သား 


ပြင်ဆင်ပြုလုပ်နည်း
- ပထမကောက်ညင်းကိုရေစိမ်ထားပြီးပေါင်းပါ ။ ခပ်တင်းတင်းအနေထားပေါင်းရပါမယ် ။ ပေါင်းပြီးအအေးခံကာရေဆေးချပါ။ အစေးဓာတ်ကုန်သည်ထိဆေးပါ။
- ပြီးလျှင်သန့်ရှင်းသော ၊ ဆီကင်းသော အဝကျယ်ပုံး သို ဘူးတခုတွင်ထည့်ပါ ။ ကောက်ညင်းနှစ်ဘူးလျှင် ရေ၅လီတာခန့်ထည့်ပါ။
- ဆန်ချိုဆေးမှုန့်ကိုပိတ်စပါးတခုဖြင့်ထုတ်ပြီး ရေစိမ်ထားသော ကောက်ညင်းဆန်အတွင်းထည့်ကာ ဆေးအရည်ပျော်ရန် အနည်းငယ်ခြေပေးပြီး အထက်အောက်မွေပပါ ။
- အဖုံးလုံအောင်ပိတ်ပြီး ပူနွေးသောနေရာတွင်ဖောက်ထားပါ ။ ရာသီဥတုပူနွေးပါက ၁ရက်ခွဲခန့်တွင်ရပါပြီ ။
- ဖောက်ပြီးသားဆန်ချိုကို သကြားရည် ၊ ရေခဲ ၊ သံပုရာသီးတိုဖြင့် မိမိနှစ်သက်ရာအရသာ ချိုချဉ်အနေထားဖျော်စပ်ပြီးသုံးဆောင်နိုင်ပါပြီ။
- ဖျော်စပ်ပြီးသားဆန်ချိုအေးကို အပြင်တွင်တရက်ထားပါက အချိုသောသူများနှစ်သက်တဲ့ အရသာပျင်းရှသောဆန်ချိုအေးကိုရမှာဖြစ်ပါတယ် ။

YOUTUBE ^
food

ငါးလိပ်ကျောက်သုပ်

ပါဝင်ပစ္စည်းများ
- ငါးလိပ်ကျောက်ခြောက်
- ကြက်သွန်နီ
- ငရုတ်သီးစိမ်း
- မရမ်းပြား (or) သံပရာသီး
- ရှောက်ရွက်


ပြင်ဆင်ပြုလုပ်နည်း
၁။ ရေဆူအောင်တည်ထားသော ရေနွေးထဲသို့ ငါးလိပ်ခြောက်ကိုထည့်ပြုတ်ပါ။
၂။ ပြုတ်ထားစဥ် ရှောက်ရွက် ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။
၃။ ငါးလိပ်ကျောက်ကို အကြာကြီးပြုတ်ရင် မလိုပါ။ ထို့နောက် ငါးလိပ်ကျောက်အသားအား နွှင်ပါ။
၄။ ပါးပါးလှီးထားသော ပါဝင်ပစ္စည်းများ၊ ငါးလိပ်ကျောက်တို့အား နယ်မည့်ပန်းကန်ထဲသို့ထည့်ပါ။

အချိုမှုန့် ၊ ငရုတ်သီးမှုန့် ၊ ဆီချက် (သို့မဟုတ်) ဆီ တို့အား လိုအပ်သလောက်ထည့်ကာ နှံ့အောင်နယ်၍ စားသုံးနိုင်ပါသည်။ (ငါးငန်နေလျှင် ငံပြာရည် သို့မဟုတ် ဆားထည့်ရန် မလိုအပ်ပါ)။

YOUTUBE ^
food
food

ရခိုင် ငရုတ်သီးစိမ်းထောင်း

ပါဝင်ပစ္စည်းများ
• ငရုတ်သီးအစိမ်း - ၁၀တောင့်
• ကြက်သွန်နီ - ဥသေး ၁ ဥ
• ကြက်သွန်ဖြူ - ၁ ဥ
• ပုစွန်ခြောက် - အနည်းငယ်
• ငရုတ်ကောင်းစေ့ - ၅ စေ့ခန့်
• သံပုရာသီး - ၁ လုံး


ပြင်ဆင်ပြုလုပ်နည်း
1. ငရုတ်သီးစိမ်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူများကို ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ။ ပုစွန်ခြောက်ကို ရေစင်အောင်ဆေး ရေစိမ်ပြီး ညက်အောင် ထောင်းထားပါ။ ကြက်သွန်နီများကို ပါးပါးလှီးပါ။
2. ယိုးဒယားငံပြာရည် ၊ သကြား နှင့် သံပုရာသီး အရည်ကို မိမိစိတ်ကြိုက် အချိုးအဆ အတိုင်း ရောစပ်ပြီး ဖျော်ထားပါ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းများ နဲ့ ငရုတ်ကောင်းစေ့ များကို မီးအေးအေးနဲ့ မွှေးပျံပြီ ခြောက်ကပ်လာသည်အထိ လှော်ပေး ပါ။
3. လှော်ထားတာတွေ ရပြီ ဆိုလျှင် ပုစွန်ခြောက်ထောင်း အပါအဝင် ငရုတ်ဆုံထဲ အားလုံးရောပြီး ဆားနဲ့အတူ ထောင်းပါ။ ငရုတ်သီးအနှစ် မညက်တညက် ရပြီဆို ဖျော်ထားတဲ့ အရသာရည်နဲ့ ရောစပ်ပြီး ဇွန်း ဖြင့် သမအောင်မွှေပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပါ။
4. သံပုရာသီး တစ်လုံးလုံးရဲ့ အရည်ကို ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ရောစပ်တဲ့ အချိုးအဆ က စားလို့ ကောင်းပါတယ်။ ငရုတ်ကောင်းက မထည့်ရင်လည်း ရပါ တယ်။ သူ့ကို အနံအရသာ ပိုမိုမွှေးပျံစေဖို့ သုံးထားတာပါ ။
5. ငရုတ်သီးစိမ်းထောင်းလေးကို ကြက်သား ကာလသားဟင်း ၊ ခရမ်းသီး မီးဖုတ်သုပ် စတဲ့ ဟင်းတွေနဲ့ တွဲဖက်စားမယ်ဆိုရင် အင်မတန်မှ ထမင်းမြိန်စေမှာပါ။

YOUTUBE ^
food

ဘူသီးနှင့်ပဲကြာဇံဟင်းရည်

ပြင်ဆင်ပြုလုပ်နည်း
- ဘူးသီးကို အခွံခွာပြီး အတုံးသေးသေးလေးတွေဖြစ်အောင် ပါ။
- တိုဟူးနှင့် ဖန်ခေါက်ဆွဲကို စိမ်ထားပါ။

- ပုဇွန်လေးတွေကို သန့်စင်ပြီး အခွံခွာပါ။အခွံခွာပြီး ပုဇွန်ကို ပါးပါးလှီးပြီး ထောင်းထားပါ။
- ရေကို အိုးအလတ်ထဲသို့ နှစ်သက်သလို လောင်းထည့်ပါ။
- ပုဇွန်ငါးပိနှင့် မျှင်ငါးပိထည့်ပါ။အလယ်အလတ်အပူဖြင့် ပြုတ်ပြီး ဆူအောင် တည်ပါ။
- အရသာအတွက် ဆား နှင့် ကြက်ပြုတ်ရည်ထည့်ပါ။
- လှီးထားတဲ့ဘူးသီးတုံးတွေကို အိုးထဲထည့်ပြီး တိုဟူးခြောက်နဲ့ မှိုစိမ်ထားပါ။
- ဘူးသီးတုံးများ ကောင်းစွာကျက်ပါက ခေါက်ဆွဲတစ်ခွက်ထည့်ပါ။
- ခရမ်းချဉ်သီးကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးထားပါ။
- ပါးပါးလှီးထားသော omelette နှင့် နံနံရွက်ကို ဟင်းချိုပေါ်တွင် ဖြူးပေးပါ။

YOUTUBE ^
food
food

ခရမ်းသီးအာလူးချက်

ပါဝင်ပစ္စည်းများ
- ခရမ်းသီးစိမ်း ၁ဝ တောင့်
- အာလူးအသေး - ၅ဝ ကီလိုဂရမ် ငရုတ်သီးစိမ်း (၁၀ တောင့်)
- မျှင်ငါးပိ - ထမင်းစားဇွန်း ၁ ဇွန်း
- အရသာအတွက် ဆားနှင့် ကြက်ပြုတ်ရည်
- နံနံပင် အနည်းငယ်


ပြင်ဆင်ပြုလုပ်နည်း
ခရမ်းသီးတစ်လုံးစီကို လေးပိုင်းခွဲထားပါ။ အာလူးကို တစ်ဝက်လောက်လှီးထားပါ။ ရေဆေးပြီးရင် ပန်းကန်တစ်လုံးထဲမှာ ထည့်ထားပါ။ ငရုတ်သီးနှင့် မျှင်ငပိထည့်ပါ။ ရေ လိုသလောက်ထည့်ပါ။ အလယ်အလတ်အပူပေါ်တွင်ချက်ပြုတ်။ ပွက်ပွက်ဆူလာလျှင် ဆားနှင့် ကြက်သားပြုတ်ရည်ထည့်ပါ ခရမ်းသီးရော အာလူးရော နူးလာပါကနောက်ဆုံးအဆင့် နံနံပင်အုပ်လိုက်ပြီး အနံ့အရသာပြည့်စုံတဲ့ ခရမ်းသီးအာလူးချက် ရပါပြီ။

YOUTUBE ^
food

ပုစွန်နှင့် သခွားသီးဟင်းချို

ပါဝင်ပစ္စည်းများ
- အလတ်စားပုစွန် ၁၅ကျပ်သား
- သခွားသီး ၂ လုံး
- ငရုပ်သီးအနီ ၃ ဇွန်း နှင့် 1/2 ဇွန်း
- မျှင်ငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပင်စိမ်းရွက် အနည်းငယ်
- ဆားနဲ့ ကြက်သားပြုတ်ရည်


ပြင်ဆင်ပြုလုပ်နည်း
1. ပုစွန်ကို ရေဆေးပြီး ရေဆေးပါ ။
2. သခွားသီးကို အခွံခွာပြီး အရွယ်တော်အပိုင်းပိုင်းများ လှီးဖြတ်ပါ။
3. ပုစွန်နှင့် သခွားသီးအတုံးများကို အိုးအလယ်တည့်တည့်တွင် ထည့်ပါ။
4. ငရုတ်သီးငါးပိနှင့် မျှင်ငါးပိထည့်ပါ။
5. နနွင်းမှုန့်ထည့်ပါ။
6. ရေကို လိုသလိုထည့်ပါ။
7. အလယ်အလတ်အပူဖြင့်ပြုတ်ပါ။
8. ပွက်ပွက်ဆူလာလျှင် ဆား နှင့် ကြက်ပြုတ်ရည်များ အရသာထည့်ပါ။
9. ပင်စိမ်းရွက်ထည့်ပေးပြီးရင် ပုစွန်နှင့် သခွားသီးဟင်းချိုလေး သုံးဆောင်လို့ရပါပြီ။

^
food
food

ငါးခေါင်းစွပ်ပြုတ်

ပါ၀င်ပစ္စည်းများ
• ငါးခေါင်း၊ ငုံးဥ
• မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ဥနီ
• ပဲပြား၊ ပန်းဂေါ်ဖီ၊ တုံးယမ်း အနှစ်
• ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊
• ဂျင်း အနည်းငယ်၊ စပါးဆင်
• ဆီ၊ ဆား၊ နနွင်း၊ အချိုမှုန့်
• သံပုရာသီး ၁လုံး၊ ငြုပ်သီးအရောင်တင်မှုန့်
• ငြုပ်သီးစိမ်း၊ ငြုပ်ကောင်း
• ငံပြာရည်၊ နံနံပင်၊ ရေနွေး


ပြင်ဆင်ပြုလုပ်နည်း
- ငါးခေါင်း ကို အသားပါအောင် ကြီးကြီးခုတ်ပြီး ဆား၊ နနွင်း ၊ အချိုမှုန့်၊ သံပုရာသီး ၁လုံးနဲ့ အရင်နယ်ပါ။ အိုး ထဲမှာ ဆီအနည်းငယ်နှင့် ညက်ညက် စဉ်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနည်းနည်း ၊ စပါးလင် များများနဲ့ ဆီသပ်ပါ။
- ငြုပ်သီး အရောင်တင်မှုန့် ထည့်ပါ။ ငါးကိုထည့်ပြီး ဆီ လေးနဲ့ ခဏလုံးပါ။ (ဆီနဲ့ လုံးပြီး ဆူပြီးသား ရေနွေး နဲ နဲ ထည့်ပါ)။ မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ငုံးဥ၊ ဥနီ၊ ပဲပြား၊ ပန်းဂေါ်ဖီ ထည့်ပါ။
- တုံးယမ်း အနှစ်ကို ထည့်ပါ။ (အချဉ်များတာ ကြိုက် ရင် များများထည့်ပါ။) ဆား၊ ငံပြာရည်၊ အချိုမှုန့်၊ ငြုပ်ကောင်း အသင့်အတင့်ထည့်ပါ။ ဟင်းရွက်တွေ တ အား မနူးစေဘဲ ကိုယ်ကြိုက်တဲ့ အပေါ့ငန် အနေတော် ဘဲ ဆိုရင် ငြုပ်သီးစိမ်းနဲ့ နံနံပင် အုပ်ပြီး မီးပိတ်လိုရပါ ပြီ။

^
food

ပြည်ကြီးငါးသုပ်

ပါဝင်ပစ္စည်းများ
- ပြည်ကြီးငါး ၂၀သားခန့်
- ခရမ်းချဉ်သီး ၁လုံး(ပါးပါးလှီးထားပါ)
- ကြက်သွန်နီ ၁လုံး( ။ )
- သံပုရာသီး ၁လုံး
- ငရုတ်သီးစိမ်း ၃တောင့်(ပါးပါးလှီး)
- နံနံပင် ၂ပင် (ညှပ်ထားပါ)
- ကြက်သွန်ဖြူ ၂မွှာ(မကြိုက်လျှင်မထည့်)
- ငံပြာရည် အနည်းငယ်
- သကြား/ကြက်သားမှုန့် 


ပြင်ဆင်ပြုလုပ်နည်း
-ပြည်ကြီးငါးကို ရေစင်စင်ဆေး၍ ရေစစ်ထားပါ။
-အိုးတစ်လုံးထဲသို့ ရေထည့် ရေဆူလာလျှင် ဆား သံပုရာသီး ညှစ်ထည့်၍ ပြည်ကြီးငါးထည့်ကာ ၂/၃မိနစ်ခန့်ပြုတ်ပါ။ ရလျှင် ရေအေးလောင်းပြီး ဆား သံပုရာသီးနှင့် ထပ်ဆေးပြီးရေဆေး ကာ ရေစစ်ထားပါ။လိုသလို လှီးထားပါ။
-ပန်းကန်ထဲသို့ ခရမ်းချဉ်သီး ကြက်သွန်နီ ဖြူ နံနံပင် ငရုတ်သီ စိမ်း ငံပြာရည် သကြား သံပုရာသီး ပြည်ကြီးငါး ရောနယ်သုပ် ကာ အရသာစိတ်ကြိုက်ပြင်၍ ရပါပြီ။အရောင်နှင့်ကြိုက်လျှင် ဆောစ့် တစ်မျိုးမျိုး နှင့် ငရုတ်သီး ဆီချက် ထည့်၍သုပ်ပါ။

YOUTUBE ^
food
food

ငါးကွမ်းရှပ်သုပ်

ပြင်ဆင်ပြုလုပ်နည်း
- ငါးကို ရေဆေးပြီး မီးဖိုပေါ်တွင် တိုက်ရိုက်ဖုတ်ပါ။
- ကောင်းစွာပြုတ်သည်အထိစောင့်ပါ။
- ဖုတ်ထားသောငါးကိုမီးဖိုမှဖယ်ရှားပါ။

- အရေခွံခွာပြီး ငါးကြော်ပါ။
- ငရုတ်သီးစိမ်း၊ ဂျင်း နှင့် ငရုတ်သီးစိမ်းတို့ကို ထောင်းပြီး ထောင်းထားပါ။
- ပန်းကန်လုံးတစ်လုံးထဲသို့ ငါးနှင့် ငရုတ်သီးမှုန့်ထည့်ပါ။
- သံပုရာရည်ကို အတုံးလေးတွေ ညှစ်ထည့်ပါ။ကောင်းစွာရောမွှေပါ။
- အရသာအတွက် ဆားနှင့် ကြက်သားထည့်ပါ။ နံနံရွက်ကို ဖြူးပေးပါ။
- ငါးကွမ်းရှပ်ရခိုင်သုပ် အဆင်သင့်ဖြစ်ပါပြီ။

^
food

ကြက်သားသုပ်

ပါဝင်ပစ္စည်းများ
- ကြက်သား(ပေါင်/ရင်အုံ)
- ကြက်သားမှုန့်
- ကြိုက်ရာအသီးအရွက်
- ငရုပ်ကောင်း
- ကြက်သွန်နီနှစ်လုံး
- ငရုပ်သီး(စိမ်း/ခြောက်)
- သံပုရာသီး ၁ လုံး
- ငံပြာရည်


ပြင်ဆင်ပြုလုပ်နည်း
ကြက်သားပေါင် သို့မဟုတ် ရင်အုံသားကိုရေထည့်ကြက်သားမှုန့်လေး အနည်းငယ်ထည့်ပြီး နာရီဝက်လောက်ပြုတ်ထားပါ ပြီးရင် ပြန်ဆယ်ပြီးအအေးခံထားပါ ကျန်နေတဲ့ကြက်ပြုတ်ရည်တွေကိုရေလေးအနည်းငယ်ထပ်ရောပြီးကြက်သားမုန့်လေးအနည်းငယ်ထပ်ထည့်ကိုယ်ကြိုက်တဲ့အသီးအရွက်အရွက်ထည့်ငရုပ်ကောင်းလေးထည့်ပြီးရင်ဟင်းချိုပူပူလေးတခွက်ရပါတယ် အအေးခံထားတဲ့ကြက်သားတွေကိုအနေတော်လေးတွေနွင်ပါ ပြီးရင်ကြက်သွန်နီနှစ်လုံးလောက်ပါးပါးလှီးပြီးရေဆေးထားပါ ငရုပ်သီးစိမ်းသို့မဟုတ် ငရုပ်သီးအခြောက်တောင့် ကိုယ်အစပ်စားနိုင်သလောက်ကိုကြက်သွန်ဖြူအနည်းငယ်ငရုပ်ကောင်းအနည်းငယ်တို့ရောထောင်းထားပါ နံနံပင်လေးလှီးထည့်ကြက်သားမုန့်အနည်းငယ်နဲ့ငံပြာရည်လေးထည့်သံပုရာသီးတလုံးသို့မဟုတ် ကိုယ်အချဥ်စားနိုင်သလောက်ညှစ်ထည့်ပြီးအားလုံးရောသုပ်ပါရှင် ပြီးရင် အရသာလေးမြည်းပြီးရပါပြီရှင် ဟင်းချိုပူပူကြက်သားသုပ်စပ်စပ်လေးနဲ့ဆီလည်းလုံးဝမပါတော့အရမ်းကောင်းသောအသုပ်လေးပါ

YOUTUBE ^
food
food

ကင်းမွန်ရခိုင်သုပ်

ပြင်ဆင်ပြုလုပ်နည်း
- ကင်းမွန်ကို အထဲက အနှစ်တွေထုတ်၊ ကျောမှာပါတဲ့ အကြည် လွှာ၊ ခေါင်းပေါ်က လက်ချောင်းတွေရဲ့ အလယ်က အလုံးလေး နဲ့ မျက်လုံး တွေ ထုတ်လိုက်ပါ။ အရေခွံ ခွါလိုက်ပါ။ ပြီးရင် သေချာဆေးပြီး ကျက်အောင် ပြုတ်ပေးပါ။

- ငရုတ်သီးစိမ်းနဲ့ ငပိစိမ်းစားအနည်းငယ်ကို မီးကင်ပေးပါ။ မီးကင်ထားတဲ့ ငရုတ်သီးနဲ့ ငပိစိမ်းစားကို ကြက်သွန်ဖြူလေး ထည့်ထောင်းပေးပါ။
- ပြုတ်ထားတဲ့ ကင်းမွန်ကို ကပ် ကျေးလေးနဲ့ အတုံးလေးတွေ ညှပ်လိုက်ပါ။
- အဆင်သင့်ထောင်း ထားပြီးတဲ့ ငရုပ်သီး ငပိထောင်းနဲ့ ကြက်သွန်နီပါးပါး လှီးထားတာကို ထည့်ပြီး ရောနယ်လိုက်ပါ။
- သံပုရာသီးညှစ်ထည့်ပြီး အချို အငန် မြည်း ပါ။ နံနံပင်ဖြူးလိုက်တယ် ဆိုရင်ပဲ ငပိမီးကင်နံ့လေး ၊ ကြက်သွန်ဖြူနံ့ ၊ သံပုရာသီး နဲ့ နံနံပင်နံ့လေး ရောသမမွှေပြီး ထွက်လာတဲ့ မွေးရနံ့က ခံတွင်းပျက်နေသူကိုတောင် စားကောင်းအောင် ဆွဲဆောင်သွားပါလိမ့်မယ်။
- တချို့က ငရုတ်ကောင်းလေးပါ ထည့်စားတတ်ပါတယ်။

YOUTUBE ^
food

ရခိုင်မုန့်တီသုပ် / အာပူလျှာပူ

ပြင်ဆင်ပြုလုပ်နည်း
- ငါး
- စပါးလင်
- ဆား
- နနွင်း
- ငရုတ်သီး
- ကြက်သွန်ဖြူ
- ငါးပိ
- ပဒဲကော(ရှိရင်ထည့်ရန်)
- ဟင်းချိုမုန့်
- ကြက်သားမုန့်
- ငရုတ်ကောင်းလှော်
- ကြက်သွန်နီ
- သံပုရာသီး
- မန်ကျည်းရည်


ပြုလုပ်နည်း
ငါး၊ ဆား၊ စပါးလင်၊ နနွင်းတို့ကို ရောနယ်ပြီး ဆယ်မိနစ်လောက်ထားပါ။ ငါးမြုပ်ရုံ ရေထည့်ပြီး ဆယ်မိနစ်ခန့်ထားပါ။ အအေးခံပြီး အရိုးနွင်ပါ။ ကျန်နေတဲ့ ငါးပြုတ်ရည်ထဲကို ရေလိုသလောက်ထပ်ထည့်ပြီး ဆူအောင်တည်ထားပါ။ ငရုတ်သီး ( ကိုယ်အစပ်စားနိုင်သလောက် ) နှင့် ကြက်သွန်ဖြူကို ရောထောင်းပြီးကြိတ်ပါ။ ငါးပြုတ်ရည်ပွက်ပွက်ဆူလျှင် စိမ်းစားငါးပိ ထမင်းစားဇွန်းတစ်ဇွန်း မရှိတရှိကိုထည့်ပါ။ ကြိတ်ထားတဲ့ငရုတ်သီးနဲ့ ကြက်သွန်ဖြူကိုထည့်ပါ ( ငရုတ်သီးကိုပြုတ်ထည့်လည်းရ)။ ပဒဲကောရှိလျှင် နည်းနည်းထည့်ပါ။ အသားနွှင်ထားတဲ့ ငါးတွေထည့်ပါ။ အရသာအတွက် ဆား၊ ဟင်းချိုမှုန့်၊ ကြက်သားမှုန့်တို့ထည့်ပါ။ ငရုတ်ကောင်းလှော်ထည့်ပါ။ ရေကို လိုသလောက် အပြစ်အကြဲညှိပြီး ငရုတ်သီးကျက်လျှင် ရပါပြီ။ အမြန်လုပ်ရလို့ အကြော်စားစရာမရှိလျှင် ကြက်သွန်နီကို ဆီချက်များများနှင့် ကြွပ်နေအောင်ကြော်ပြီး စားနိုင်။ မုန့်ဖတ်ထည့် ငါးငရုတ်သီးအနှစ်ထည့်ပြီး သံပုရာသီးလိုသလိုအချဉ်ညှစ်ထည့်ကာ မန်ကျည်းသီးရည်(မထည့်လည်းရ) ထည့်ပြီး နံနံပင်၊ ကြက်သွန်နီ စိတ်ကြိုက်ထည့်၍ သုံးဆောင်နိုင်။

YOUTUBE ^
food
food

သရက်သီးသုပ်

ပါဝင်ပစ္စည်း
- သရက်သီး ၁ လုံး
- ဆား
- မြေပဲစံ
- နှမ်းလှော်


ပြုလုပ်နည်း
သရက်သီးတစ်လုံးကို ဂျစ်လေးနဲ့ ခြစ်ပြီး ဆားနဲ့နယ်ပြီးဆေးပါတယ်ရှင် ပြီးရင် ဆီချက်ချက်ပါတယ်။ မြေပဲစံ နှမ်းလှော်လေးလည်းထောင်းထားပါတယ်။ သရက်သီး ‌ဆေးထားတာကို ရေသေချာညစ် ဆီချက်ထည့်ပါမယ် ကြက်သွန်နီ ပါးပါးလှီးထားတာထည့်ပါမယ် ငပိကတော့ ထောင်းထားပြီးသားဘူးလေးထည့်ပါတယ် ပဲမှုန့် မြေပဲထောင်း အရသာ ထည့်မယ် ငရုတ်သီးမှုန့် / ငရုတ်သီးစိမ်းလေးထည့်ပါမယ် ကဲ သေချာနယ်ပြီး စားနိုင်ပါပြီ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်ပြီး စားကောင်းသော သရက်သီးသုပ်လေးပါရှင်

YOUTUBE ^
food

သခွါးသီးရခိုင်သုပ်

ရခိုင်တွေရဲ့ ပင်တိုင်နည်းအတိုင်း ငရုတ်သီးနဲ့ ငပိကို သုံးပြီး သုပ်မှာပါ။

ပြင်ဆင်ပြုလုပ်နည်း
- သခွါးသီးကို ရေဆေးပြီး နှစ်ခြမ်းခြမ်းပေးပါ။ အစေ့နဲ့ အူတွေကို ဖယ်ပေးပါ။
- သခွါးသီးအသားကို အမျှင်သိပ်မထူစေဘဲ သေချာခြစ်ပေးပါ။

- ကြက်သွန်နီ ပါးပါးလှီးပေးထားပါ။ ငရုတ်သီး ၊ ငပိ မီးကင်ပြီး ထောင်းပေးပါ။
- ခြစ်ထားတဲ့ သခွါးသီး ၊ လှီးထားတဲ့ ကြက်သွန်နီနဲ့ ထောင်းထားတဲ့ ငရုတ်သီးငပိထောင်း ကို ရောနယ်ပေးပါ အပေါ့ အငံ မိမိကြိုက်သလိုထည့်ပေးပါ။
- သံပုရာသီး ညှစ်ပေးပါ။ နောက်ဆုံးမှာ အဖြူရောင် နံနံပင် ပင်ပေါက်လေးကို ထည့်လေ့ရှိပါတယ်။
- ချဉ် ငံ စပ် အရသာ နဲ့ သခွါးသီးရခိုင်သုပ်လေးကို ရပါပြီ။

YOUTUBE ^
food
food

ငါးမန်းခြောက်သုပ်

ပါဝင်ပစ္စည်း
- ငါးမန်းသားခြောက်
- ငါးပိ
- ကြက်သွန်ဖြူ
- ငရုတ်သီးစိမ်း
- ကြက်သွန်နီ
- နံနံပင်
- ငရုတ်ကောင်း
- ဆား
- အချိုမှုန့်
- သံပုရာရည်


ပြင်ဆင်ပြုလုပ်နည်း
- ငါးမန်းသားခြောက်ကို ပြုတ်ပြီး အသားနွှင်ပါ။ ငါးပိ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းတို့ကို မီးဖုတ်ပြီး ထောင်းပါ။ ကြက်သွန်နီ နှင့် နံနံပင်ကို လှီးထားပါ။ ငရုတ်ကောင်းကို ထောင်းပါ။ အပေါ်ကလုပ်ထားသော အစာများအကုန်ကို ဆား၊ အချိုမှုန့်တို့နှင့်ရော၍ သံပုရာရည်ညှစ်ပြီး သုပ်ပါ။ ငါးမန်းသားခြောက်သုပ်ရပါပြီ။

^
food

ခရမ်းသီး ငသရွဲခြောက်မီးဖုတ်သုပ်

  ( မြန်မာ အခေါ် - ခရမ်းသီး ငါးတံခွန် အခြောက် မီးဖုတ်သုပ်)


ပြင်ဆင်ပြုလုပ်နည်း
- ရခိုင်လို အင်ဗာရီ လို့ခေါ်တဲ့ ခရမ်းသီး အကြီးကြီး ကို စို့လေးနဲ့ တစ်လုံးလုံး နေရာအနှံ့ထိုးပေးပါ။ ပြီးရင်တော့ မီးသွေးမီးဖိုထဲ ထည့်ပြီး ဟိုဘက် ဒီဘက် ပြန်လှန် ဖုတ်လိုက်ပါ။

- ငါးတံခွန် အကောင်သေးကို သေချာ ပွတ်တိုက်ပေးပြီး ကြွပ်လာအောင်ထိ မီးဖုတ် / ကင်ပေးပါ။
- မိမိ နှစ်သက်သလောက် ငရုတ်သီးစိမ်း နဲ့ ငပိစိမ်းစားလေး နည်းနည်း မီးကင်ပေးထားပါ။
- ခရမ်းသီး မွှေးပြီး အိလာပြီဆိုရင် ထုတ်ပြီး ရေနဲ့ ပွတ်ဆေးပေးလိုက်ပါ။ အပေါ်အရေခွံ ခွါပေးပါ။ ပြီးရင် ဇလုံတစ်ခုထဲထည့်ပြီး ချေပေးပါ။
- ငါးတံခွန် ကြွပ်လာပြီဆိုရင် ရေနဲ့ပွတ်ဆေးပေးပြီး (ရေသွန်ပြီး မဆေးပါနဲ့၊ အီသွားမှာ စိုးလို့ပါ) သေးသေးလေးတွေ ပိုင်းပြီး ၊ ခရမ်းသီးဇလုံထဲ ထည့်ပေးပါ။
- မီးကင်ထားတဲ့ ငရုတ်သီး နဲ့ ငပိကို ဂျင်းအနည်းငယ် ထည့်ထောင်းပေးပါ။ (ဂျင်းမထည့်ဘဲလည်း စားကြပါတယ်)
- ကြိုက်တတ်ရင် ကြက်သွန်ဖြူ ထည့်ထောင်းပေးပါ။ (ထည့်လေ့ထည့်ထတော့ မရှိသလောက်ပါပဲ)
- ကြက်သွန်နီ ပါးပါးလှီးထားပေးပါ။ ပြီးရင်တော့ ခရမ်းသီးနဲ့ ငါးခြောက် ထည့်ထားတဲ့ ဇလုံထဲကို ငရုတ်သီးထောင်း ၊ ကြက်သွန်နီပါးပါးလှီးထား တာ ထည့်ပေးပြီး အချို အငန် မိမိသဘောကျထည့်ပြီး ရောနယ်ပေးပါ။
- မကျည်းနှစ်လေး ရေဖျော်ထည့်ပေးပါ။
- နောက်ဆုံး နံနံပင်အုပ်ပေးလိုက် ရင် မီးဖုတ်နံ့ သင်းသင်းလေးနဲ့ မွှေးအိနေတဲ့ ခရမ်းသီး ငါးတံခွန်သုပ်ကို ရပါပြီ။

^
food